Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တိုက်ပွဲ စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုများပြီး ​တော်လှန်​ရေးအဖွဲ့​တွေက စစ်သုံ့ပန်း ၇ ဦးဖမ်းမိ

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့တိုက်ပွဲ​တွေဆက်တိုက်ပွဲ​တွေဖြစ်ပွား​နေပြီး စစ်‌ကောင်စီတပ်ထိခိုက်သေဆုံးမှုများသလို စစ်သုံ့ပန်း ၇ ဦးဖမ်းမိထားတ‌‌ယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်​တွေက ပြောပါတယ်။

တန့်ဆည် PDF နှင့် တန့်ဆည် ပကဖ တပ်ဖွဲ့ဝင်များ / ပျူဘုန်ကြီး ဝါသဝ နှင့် ပျူ​စောထီးများ။ ဓါတ်ပုံ-တန့်ဆည် ပကဖ၊ စစ်​ကောင်စီ

ဝါသဝ ၏ ပျူ​များထဲမှ စစ်သား၊ရဲ နှင့် ပျူများကိုဖမ်းမိဟု PDF ​ပြော

ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့တိုက်ပွဲ​တွေဆက်တိုက်ပွဲ​တွေဖြစ်ပွား​နေပြီး စစ်‌ကောင်စီတပ်ထိခိုက်သေဆုံးမှုများသလို စစ်သုံ့ပန်း ၇ ဦးဖမ်းမိထားတ‌‌ယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်​တွေက ပြောပါတယ်။

မတ်လ ၃ရက် နေ့ မနက်၄နာရီ ဝန်းကျင်ကတည်းက တန့်ဆည်မြို့နဲ့ အနီးဝန်းကျင်က စစ်​ကောင်စီတပ်စခန်း​တွေကို တော်လှန်ရေးတပ်တွေကတိုက်ခိုက် နေတာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

မြို့အနီးက ဆင်ငယ်ပျူစောထီးရွာအပါအဝင်စစ်တပ်တပ်စွဲ​နေတဲ့ရွာအချို့ နဲ့တန့်ဆည်မြို့ရဲ့​နေရာအချို့ကို ​တော်လှန်​ရေးတပ် တွေကိုသိမ်းယူထားနိုင်ပြီလို့သိရပါတယ်။

မတ်လ၄ရက် နေ့ညပိုင်းက ဆင်ငယ်ရွာကိုအထိုင်ချထားတဲ့ကန့်ဘလူ သဃ်န်းဝတ် ဝါသဝစစ် ကြောင်းက ရဲ နဲ့ ပျူစောထီး၊စစ်သား စုစုပေါင်း၇‌‌ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ PDF တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်းလေယာဉ်နဲ့ ​ဆက်တိုက်လာရောက်တိုက်ခိုက်တာ​နေတာလို့ သိရပါတယ်။

“တိုက်ပွဲကပျောက်ကြားပုံစံမျိုးတော့ ဆက်ဖြစ်နေတ‌‌ယ်။စကစအ လောင်း ၁၅ လောင်းထပ်ရထားတယ်။တချို့နေရာတွေကိုလည်း စီးနိုင်ထားတယ်လို့ပြောလို့ရပါတယ်”လို့ အဲဒီရဲဘော်ကဆက်ပြောပါတယ်။

မတ်လ ၅ ရက်​ညပိုင်းက စစ်တပ်ဘက်က Y-12နဲ့လက်နက်ပစ္စည်းနဲ့ ရိက္ခာ တွေထောက်ပံ့ထားသလို မတ်လ ၆ ရက်​နေ့ မနက်ပိုင်းမှာကန့်ဘလူမြို့နယ် ကာဘိုးရွာအနီး ရွှေလမ်းဆုံရွာက ပျူစောထီး၁၀၀လောက် တန့်ဆည်မြို့ကို အင်အားထပ်တိုးထားတယ်လို့သိရပါတယ်။

မတ်လ ၆ ရက်ည နဲ့ ဒီ​နေ့ (မတ် ၇ )မှာလည်းတိုက်ပွဲ​ ဆက်လက်ပြင်းထန်​နေပြီး​တော့ စစ်တပ်က ​လေ​ကြောင်းပစ်ကူသုံးခုခံတိုက်ခိုက်​နေတယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ် ။

​တော်လှန်​ရေးတပ်​တွေက မြို့ရဲ့ အရှေ့ဘက်နဲ့ တောင်ဘက်ခြမ်း ကစစ်တပ် တပ်စွဲရာ​နေရာ​တွေကိုလက်သိမ်းယူဖို့ကျန်‌နေပြီး စစ်ကောင်စီဘက်ကမြို့တွင်းက ဘောလုံးကွင်း၊ကြံ့ခိုင်ရေးရုံး၊ထွေအုပ်ရုံးနဲ့ရဲစခန်းတွေမှာအထိုင်ချခုခံ​နေတာလို့သိရပါတယ်။

​ဒေသတွင်းတော်လှန်ရေးတပ်တွေကတန့်ဆည်မြို့ကစစ်တပ်စခန်း​တွေကိုအရင်ကလည်း ၂ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးပါတယ် ။

​ဒေသခံပြည်သူ​တွေဟာ အရင်ကတည်းက ​ဘေးလွတ်မယ်ထင်ရာကို ထွက်​ပြေးတိမ်း​ရှောင် ​နေကြတယ်လို့ ​ဒေသခံ အချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။