Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ် ဗျူဟာလမ်းပိုင်းစိုးမိုးရန် စစ်ကောင်စီတပ် ကြိုးပမ်းနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းအား စိုးမိုးရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေကြောင်း ကန့်ဘလူခရိုင်တပ်ရင်း (၄)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မတ်လ ၃ရက်က စစ်ကောင်စီ​၏ ကားတစ်စီးအား ကန့်ဘလူခရိုင်တပ်ရင်း (၄)မှ ရဲဘော်များက သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - တပ်ရင်း ၄

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းအား စိုးမိုးရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေကြောင်း ကန့်ဘလူခရိုင်တပ်ရင်း (၄)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၀)လက် အောက်ခံ ကလေးမြို့အခြေစိုက် ခလရ(၃၆၁) တပ်ရင်း နှင့် ပျူစောထီးပူးပေါင်းအင်အား ၂၀၀ ခန့်သည် ဗျူဟာလမ်းဘေးရှိကျေးရွာများအား စစ်ကြောင်းထိုးတပ်စွဲနေကြောင်း အသိပေးသည်။

“လက်ရှိမှာတော့ ပေကြီးနဲ့ ငှက်ပျောတိုင်းမှာ ပဲရှိသေးတယ်။ငြိမ်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက စစ်ကောင်စီတပ်စစ်ကြောင်း​၏ အခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ပေကြီးရွာနှင့် ငှက်ပျောတိုင်ကျေးရွာသည့် ကန့်ဘလူမြို့နယ်မှ ဖြတ်သန်းရသည့် ရွှေဘို – မြစ်ကြီးနားဗျူဟာလမ်းပိုင်းဘေးနှင့် ကပ်လျက်ရှိသည်။

အဆိုပါ ကျေးရွာများအတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဒေသခံများအား ဖမ်းဆီးထားခြင်း၊နေအိမ်များ မီးရှို့ခြင်းအပါအဝင် ပြည်သူပိုင်ပစ္စည်းများအားညယူဆောင်နေသည် ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ထိုးစစ်အား တန်ပြန်ထိုးစစ် ဆင်နေပြီး မတ်လ ၃ ရက်နှင့် ၅ ရက်တို့တွင် စစ်ကောင်စီတပ်စစ်ကြောင်းမှ ကားတစ်စီးမီးရှို့ ဖျက်ဆီးခဲ့ကာ စစ်သုံ့ပန်းနှစ်ဦးအား လက်နက်များနှင့် အတူ ဖမ်းမိထားကြောင်းလည်း ကန့်ဘလူ တပ်ရင်း(၄)တာဝန်ရှိသူက အသိပေးသည်။

ပျူစောထီးအဖွဲ့ဝင် ပိုများလာသည့် ကန့်ဘလူမြို့ နယ်တွင်း အခြေအနေကြောင့် တော်လှန်ရေးအင်အားစုများအတွက် ကျည်၊ခဲယမ်းနှင့် ရိက္ခာ များလိုအပ်ကြောင်း ၎င်းက တောင်းဆိုသည်။

ကန့်ဘလူမြို့နယ်သည် တန့်ဆည်၊ကျွန်းလှ၊ခင်ဦး ကောလင်းနှင့် သပိတ်ကျင်းမြို့နယ်ကြားတွင်ရှိပြီး ၂၀၂၃ စစ်ကောင်စီ​၏ ထွေအုပ်စာရင်းအရလူဦးရေ သုံးသိန်းကျော်နေထိုင်သည်။

ကန့်ဘလူမြို့နယ်အနောက်ခြမ်း၊တန့်ဆည်မြို့နယ် မြောက်ခြမ်းနှင့် ကျွန်းလှမြို့နယ်အရှေ့တောင်ခြမ်းရှိ ကျေးရွာ ၂၀ ကျော်ကို သင်္ကန်းဝတ်ဝါသဝက ဦးဆောင်၍ ပြည်သူ့စစ်များဖွဲ့စည်းထားပြီး စစ်ကောင်စီက လက်နက်တပ်ဆင် ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။