Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့နယ် လေကြောင်းတိုက်ခိုက်မှု ဒေသခံတစ်ဦး ဒဏ်ရာရ၊ နေအိမ်ငါးလုံး ပျက်စီး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကွင်းကြီးကျေးရွာလမ်းဆုံနေရာအား စစ်ကောင်စီက မတ်လ ၈ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံတစ်ဦး ဒဏ်ရာရပြီး နေအိမ်ငါးလုံးပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ထီးချိုင့်မြို့နယ်၊ ကွင်းကြီးကျေးရွာလမ်းဆုံနေရာအား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကွင်းကြီးကျေးရွာလမ်းဆုံနေရာအား စစ်ကောင်စီက မတ်လ ၈ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံတစ်ဦး ဒဏ်ရာရပြီး နေအိမ်ငါးလုံးပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ထီးချိုင့်မြို့နယ်၊ ကွင်းကြီးရွာလမ်းဆုံကို ညနေ ၅နာရီ ၁၁မိနစ်နှင့် ၅နာရီ ၁၈မိနစ်တို့တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လူတွေ အရမ်းမထိခိုက်တာ ကံကောင်းတယ်ဗျ။ ဗုံးက ပြင်းထန်လွန်းအားကြီးတော့ ကျွဲတွေရဲ့အသားစတွေ ပေရာချီပြီး လွင့်ပျံသွားတာ”ဟု အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မိတ္ထီလာလေဆိပ်မှ လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဟု ဒေသတွင်းစစ်ရေးသတင်းများဖော်ပြနေသည့် Tigying Revolution -TRက ဖော်ပြထားသည်။

ထီးချိုင့်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး အပြီးသတ်သိမ်းယူနိုင်ခြင်းမရှိသေးပေ။

မြို့ခံများသည် မန္တလေးမြို့အပါအဝင် အခြား နီးစပ်ရာမြို့နယ်များတွင် တိမ်းရှောင်နေကြသည်။

တရုတ်အစိုးရ ရင်းနှီးမြုပ်နှံထားသည့် တကောင်းနီကယ်စက်ရုံရှိသော ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို ကာကွယ်ရေးတပ်များက သိမ်းယူခဲ့ပြီး မောင်းကုန်းကျေးရွာသည် စစ်ကောင်စီကင်းစင်နယ် မြေဖြစ်ပြီဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ဩဂုတ် ၂ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုတစ်ကြိမ်လေကြောင်း မတိုက်ခိုက်မီ ဇန်နဝါရီ၂၀ရက်က ထီးချိုင့်မြို့နယ်

တုံလုံကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ထီးချိုင့်မြို့အနီးရှိ အင်းတော်မြို့ကိုလည်း မြို့သိမ်း တိုက်ပွဲဆင်နွှဲနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Facebook