Connect with us

Hi, what are you looking for?

သတင်း

ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် အမေရိကန်ရောက်မြန်မာများ ဆန္ဒပြ

ဓာတ်ပုံ - Free Burma Action Committee

သုည/People’s Spring

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် ပြည်ပရောက်​ မြန်မာများက (၁၅၂)ကြိမ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ (မတ်လ ၉) ပြုလုပ်ခဲ့သည်။

အဆိုပါဆန္ဒပြမှုကို “အထွေထွေအကျပ်အတည်းအောက်က ရုန်းထွက်ကြ ဘုံရန်သူကို ထွက်ပေါက်မပေးကြနဲ့” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ပြီး Free Burma Action Committee-Northern California က ဦးဆောင်ကာ နွေဦးတော်လှန်ရေး အင်အားစုများ၊ ကျောင်းသားအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများနှင့် ထောက်ပို့ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဆန္ဒပြမြန်မာများက “One Voice and One Fight” ၊ “Stop Selling Fuels to Myanmar Military Junta” ၊ “Free Burma” ၊ “Free Our Leader” ၊ “China Stop Supporting Burmese Military Junta”၊ “Ban Companies Delivering Jet Fuel” စသည့် စာသားများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် နိုင်ငံအနှံ့က မြို့ကြီးတွေမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တစ်နေ့တည်းမှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြသည့် ထိုင်းလူမျိုးများ၏ ဆန္ဒပြပွဲ လာရောက်ဟန့်တားသည့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်း သတင်းရရှိသည်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်ကို ဆန္ဒပြလို့ အဖမ်းခံခဲ့ရတဲ့ ထိုင်းတက္ကသိုလ် ကျောင်းသားဟာ စွဲချက်တင် မခံရဘဲ ပြန်လည် လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။

သတင်း

ရန်ကုန်မြို့လယ် တစ်နေရာတွင် ယနေ့ (မတ်လ ၂၇) ကျရောက်သော တော်လှန်ရေးနေ့ နှစ်ပေါင်း (၈၀) ပြည့်အထိမ်းအမှတ်အနေဖြင့် Youth of Anarchy - YOA အဖွဲ့သားများမှ "အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်" စာတန်းချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

Facebook