Connect with us

Hi, what are you looking for?

သတင်း

နာမည်​ကျော်ရခိုင်လုပ်ငန်းရှင် ဦး​ကျောက်​တောင်၏ ​တောင်ကုတ်နှင့်​မောင်​တောမှ ပိုင်ဆိုင်မှုများကို ULA/AA ချိတ်ပိတ်

စစ်ကောင်စီနှင့်နီးစပ်သည့်ရခိုင်ပြည်နယ်မှနာမည်ကြီးသူဌေး ဦးကျောက်‌တောင်ပိုင်ဆိုင်သည့်တောင်ကုတ် နှင့် မောင်တောမြို့မှလုပ်ငန်းများကိုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရက ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သတင်းရရှိသည်။

ဦး​ကျောက်​တောင် ကိုလုပ်ငန်းခွင့် ၊အစည်းအ​ဝေး နှင့်အနားယူချိန်တွင် မိတ်​​​ဆွေများ ၊လုပ်​ဖော်ကိုင်ဘက်များနှင့် အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-ဦး​ကျောက်​တောင် ​ဖေ့စ်ဘွခ်မှ

ကဖေး/People’s Spring

စစ်ကောင်စီနှင့်နီးစပ်သည့်ရခိုင်ပြည်နယ်မှနာမည်ကြီးသူဌေး ဦးကျောက်‌တောင်ပိုင်ဆိုင်သည့်တောင်ကုတ် နှင့် မောင်တောမြို့မှလုပ်ငန်းများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရက ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သတင်းရရှိသည်။

မတ်လဆန်းကာလတွင် သိမ်းယူလိုက်ခြင်းဖြစ်ပြီးထိုလုပ်ရပ်ကို ထောက်ခံကြောင်း တောင်ကုတ်မြို့ခံတစ်ဦးကပြာသည်။

ဦး​ကျောက်​တောင် ကိုလုပ်ငန်းခွင့် ၊အစည်းအ​ဝေး နှင့်အနားယူချိန်တွင် မိတ်​​​ဆွေများ ၊လုပ်​ဖော်ကိုင်ဘက်များနှင့် အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-ဦး​ကျောက်​တောင် ​ဖေ့စ်ဘွခ်မှ

“ဦးကျောက်တောင်ဆိုတာက ရခိုင်ရဲ့ သယံဇာတကို စစ်တပ်နဲ့ပေါင်းပြီးမြေလှန်နေတဲ့သူပဲ။သူ့အိမ်တွေ၊ လုပ်ငန်းတွေULA ကချိတ်ပိတ်တာဟုတ်တယ်။ တောင်ကုတ်တင်မဟုတ်ဘူး။ မောင်တောက သူ့လုပ်ငန်းတွေလည်း သိမ်းလိုက်တယ်လို့ ကြားတယ်”ဟု တောင်ကုတ်မြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဦးကျောက်တောင်သည်နေလသစ္စာ၊ထာဝရအောင်မြေစသည့် ကုမ္ပဏီများထောင်ထားပြီးရခိုင်ပြည်နယ်ရှိ ဌာနဆိုင်ရာဆောက်လုပ်ရေးလုပ်ငန်းများ၊ လမ်းတံတားများတည်ဆောက်ရေးတွင် ခေတ်အဆက်ဆက် လက်ဝါးကြီးအုပ်ခဲ့သူဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား အချို့ကပြောသည်။

၂၀၂၁ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လူထုတော်လှန်ရေးတိုက်ပွဲများအကြောင်းကို တိုက်ရိုက် ဝေဖန်ပြောကြားခြင်းမရှိသော်လည်း တိုင်းပြည်တိုးတက်ရေးအတွက် ငြိမ်းချမ်းရန်အရေးကြီးကြောင်း၊ တိုက်ပွဲများဖြစ်နေပါက နိုင်ငံမတိုးတက်ကြောင်း စစ်ကောင်စီဝါဒဖြန့်ချိ‌ ရေးမီဒီယာများတွင် ပြောကြားခဲ့သည်။

စစ်ကောင်စီဝါဒဖြန့်ချိ‌ရေးမီဒီယာများကဦးကျောက်တောင်ကို စီးပွားရေးပညာရှင်ကြီးအဖြစ် ပင်ရည်ညွှန်း​ဖော်ပြခဲ့ကြဖူးသည်။

ဦးကျောက်တောင်သည် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေသည့် ၂၀၂၃နှင့် ၂၀၂၄အတွင်းကလည်း ရန်ကုန်၊ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေကြောင်းမှကုန်သွယ်ရေးလုပ်ခွင့်ရခဲ့သူဖြစ်သည်။

၎င်းသည် လက်ရှိတွင် ရန်ကုန်မြို့တွင်နေထိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းမှသိရသည်။ ပြီးခဲ့သည်လအနည်းငယ်အတွင်းက စစ်ကောင်စီကဝါဒဖြန့်ချီရေးအစီအစဉ်များတွင် ခေါ်ယူသုံးစွဲသည့် အနုပညာရှင်အချို့နှင့် တွေ့ဆုံခဲ့သည့် ဓာတ်ပုံမှတ်တမ်းများကို ဦးကျောက်တောင်က လူမှုကွန်ရက်၌ တင်ခဲ့သည်။

အာရက္ခတပ်တော်(AA)သည်ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့မှလွဲ၍ ရခိုင်ပြည်နယ်မှကျန်​ဒေသအားလုံးကိုသိမ်းယူထားပြီးအုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေသည်။အမ်းမြို့သိမ်းတိုက်ပွဲတိုက်ခိုက်စဉ်ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် စစ်ကောင်စီအရာရှိများပိုင်ဆိုင်သည့် အမ်းမြို့မှနေအိမ်များကို ချိတ်ပိတ်သိမ်းဆည်းခဲ့သည်။ သိမ်းယူထားသောမြို့နယ်များတွင် တိုက်ပွဲကာလအတွင်း ခိုးယူခံရသည့် ဒေသခံများ၏ပိုင်ဆိုင်မှုများကို AAကစိစစ်၍ ပြန်လည်ပေးအပ်မှုများလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာတွေကိုတန်းတူပညာသင်ခွင့်နဲ့ ဌာနဆိုင်ရာတွေမှာအလုပ်လုပ်ခွင့်ပေးထားတယ်လို့ဆို

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ULA/AAနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ သံတမန်‌ရေးအဆင်ပြေမှာကို မနာလိုတဲ့အုပ်စု​တွေရဲ့လုပ်ကြံမှုဟုအသိ​ပေး

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့ပေါ်ကကုန်စုံဆိုင်တစ်ဆိုင်ကို အာဏာသိမ်းစစ်တပ်က ဗိုလ်မှူးကဦးဆောင်ပြီးဘိလပ်မြေအိတ်၄၀၀ကိုသိမ်းကာ ဆိုင်ကိုချိတ်ပိတ်သွားကြောင်းရေစကြိုသတင်းအချက် အလက် ကော်မတီက ပြောပါတယ်။