Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၉)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သုည/People’s Spring

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၉)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ နေရာအနှံ့မှာ တော်လှန်လူငယ်တွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ်ကိုလက်ခံတဲ့ရုရှားသမ္မတပူတင်တို့ကို ဖမ်းဝရမ်းထုတ်ကြောင်း၊ ယူကရိန်းနဲ့အတူ မြန်​မာပြည်သူတွေ အတူတကွ ရပ်တည်ကြောင်း စာရွက်ကပ် လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ – Yangon 4 brother ( Y4B ) ပူးပေါင်းအဖွဲ့များဖြစ်တဲ့ LinnYaungNiYouthOrganization_LYNYO၊ MayangoneDemocraticFront_MDF၊ KyimyindaingNetworks_KMD18 နဲ့ OwlCommunity တို့က လှုပ်ရှားဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ တော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းနဲ့ ဒေသတွင်းသပိတ်စစ်ကြောင်းတွေ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် “ILO implement Article 33 On Myanmar Now 2025” ဘန်နာကိုင်ဆောင်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ KMD18

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook