Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းမှ NLDပါတီဝင် လူငယ်တစ်ဦး တိုက်ပွဲအတွင်း ကျဆုံး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)​၏ ဧရာဝတီတိုင်းမှ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ ကိုချစ်ကိုသည် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်ရင်း ယခုရက်ပိုင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်။

မိထက်/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)​၏ ဧရာဝတီတိုင်းမှ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ ကိုချစ်ကိုသည် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်ရင်း ယခုရက်ပိုင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်။

အသက်(၃၁)နှစ်အရွယ် ကိုချစ်ကိုသည် ပါတီလုပ်ငန်းများအား စိတ်ရောကိုယ်ပါနှစ်၍ လုပ်ကိုင်ခဲ့သူဖြစ်သလို စစ်အာဏာရှင်တော်လှန်ရေးကိုလည်း အလွန်အားစိုက်ခဲ့ကြောင်း ၎င်း၏သူငယ်ချင်းတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် ယခုရက်ပိုင်းအတွင်း သာပေါင်းနှင့်ရေကြည်မြို့နယ်တို့နှင့် ထိစပ်နေသော နေရာများ၌ တိုက်ပွဲများဖြစ်ပွားနေပြီး ကိုချစ်ကိုသည် မည်သည့်တိုက်ပွဲအတွင်းကျဆုံးသည်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

” စစ်အာဏာရှင်ကို ရဲရင့်စွာ တွန်းလှန်တိုက်ခိုက်ရင်း အသက်ပေးလှူသွားခဲ့ပြီဖြစ်တာကြောင့် မိမိတို့အနေဖြင့် အာဇာနည်တစ်ယောက်အဖြစ် ဂုဏ်ယူရင်း များစွာ ဝမ်းနည်း ပူဆွေးရပါသည်”ဟု ဧရာဝတီတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်လုပ်ငန်းအဖွဲ့က မတ်လ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲက အမြောက်တပ် အမတ(၃၄၄)အနီးမှာ ယနေ့ည တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းကရော ၊လက်နက်ကြီးနဲ့ပါ ပစ်ကူ​ပေးပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။