Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းမှ NLDပါတီဝင် လူငယ်တစ်ဦး တိုက်ပွဲအတွင်း ကျဆုံး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)​၏ ဧရာဝတီတိုင်းမှ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ ကိုချစ်ကိုသည် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်ရင်း ယခုရက်ပိုင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်။

မိထက်/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)​၏ ဧရာဝတီတိုင်းမှ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ ကိုချစ်ကိုသည် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်ရင်း ယခုရက်ပိုင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်။

အသက်(၃၁)နှစ်အရွယ် ကိုချစ်ကိုသည် ပါတီလုပ်ငန်းများအား စိတ်ရောကိုယ်ပါနှစ်၍ လုပ်ကိုင်ခဲ့သူဖြစ်သလို စစ်အာဏာရှင်တော်လှန်ရေးကိုလည်း အလွန်အားစိုက်ခဲ့ကြောင်း ၎င်း၏သူငယ်ချင်းတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် ယခုရက်ပိုင်းအတွင်း သာပေါင်းနှင့်ရေကြည်မြို့နယ်တို့နှင့် ထိစပ်နေသော နေရာများ၌ တိုက်ပွဲများဖြစ်ပွားနေပြီး ကိုချစ်ကိုသည် မည်သည့်တိုက်ပွဲအတွင်းကျဆုံးသည်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

” စစ်အာဏာရှင်ကို ရဲရင့်စွာ တွန်းလှန်တိုက်ခိုက်ရင်း အသက်ပေးလှူသွားခဲ့ပြီဖြစ်တာကြောင့် မိမိတို့အနေဖြင့် အာဇာနည်တစ်ယောက်အဖြစ် ဂုဏ်ယူရင်း များစွာ ဝမ်းနည်း ပူဆွေးရပါသည်” ဟု ဧရာဝတီတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်လုပ်ငန်းအဖွဲ့က မတ်လ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အကျဉ်းချတာ၊ အဖွဲ့ဖျက်သိမ်းရန် ကြိုးပမ်းတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ အမုန်းတရား သပ်သပ် လုပ်ရပ်တွေသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က စက်တင်ဘာ ၂၇ရက်က ကျရောက်တဲ့ NLD ပါတီ တည်ထောင်တာ (၃၇)နှစ်ပြည့် သဝဏ်လွှာ မှာ ဖော်ပြထားပါတယ်။

သတင်း

လူထုလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ အခြေအနေကို ဖန်တီးဖို့ သမိုင်းအစဉ်အလာကြီး မားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD) ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ်လုံးက ဆက်လက်အလိုရှိနေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မ ဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD)ပါတီဝင်များအနေဖြင့်စစ်ကောင်စီ၏အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက် ယှဥ်ပြိုင်ခြင်းများပြုလုပ်သည်ကိုတွေ့ရှိပါကပါတီစည်းမျဥ်းစည်းကမ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းNLDဗဟိုအလုပ်ကော်မတီကယနေ့ ထုတ်ပြန်သည်။

သတင်း

ဧရာဝတီတိုင်းအတွင်းဇလွန်နှင့်ဟင်္သာတမြို့နယ်တို့တွင်စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံသန်းပြီး လူထုအား ခြမ်းခြောက်မှုထပ်မံ ပြုလုပ်ခဲ့သည်။