Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း – မန္တလေးတံတားပေါ်က စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီ ပြန်ရုတ်သိမ်း

စစ်ကိုင်း – မန္တလေးတံတား (ရတနာပုံမြစ်ကူးတံတား)ပေါ်က စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီကပြန်ရုတ်သိမ်းသွားပြီး စစ်သားတွေ‌‌တော့ ကျန်နေသေးတယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။

စစ်ကိုင်း - မန္တလေးတံတား ရတနာပုံမြစ်ကူးတံတားပေါ်ကရဲတစ်ဦး နဲ့ မန္တ​လေးမြို့အဝင်မှာစစ်ဆေး​​နေတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေကို ၂၀၂၄ နှစ်ကုန်ပိုင်းကတွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ/People’s Spring

စစ်ကိုင်း – မန္တလေးတံတား (ရတနာပုံမြစ်ကူးတံတား)ပေါ်က စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီကပြန်ရုတ်သိမ်းသွားပြီး စစ်သားတွေ‌‌တော့ ကျန်နေသေးတယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။

စစ်ကိုင်း – မန္တလေးတံတား ရတနာပုံမြစ်ကူးတံတားပေါ်ကရဲတစ်ဦး နဲ့ မန္တ​လေးမြို့အဝင်မှာစစ်ဆေး​​နေတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေကို ၂၀၂၄ နှစ်ကုန်ပိုင်းကတွေ့ရစဉ်။ ဓာတ်ပုံ – CJ

စစ်ကိုင်းတံတားတလျှောက်ဖွင့်ထားတဲ့ ဂိတ်တွေမှာ ထွေအုပ်၊လဝက၊ရဲ၊စည်ပင်၊ ပျူစောထီးနဲ့ စစ်တပ်စတဲ့ ဂိတ်ပေါင်းများစွာရှိပြီး ဗန်ကာနဲ့ ဝါးတားဂိတ် တွေပြုလုပ်ထားတာလို့ သိရပါတယ်။

ကားသမားတွေကို‌ ငွေတောင်းကြမ်းတာနာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဒီဂိတ်တွေကို ပြီးခဲ့တဲ့တပတ် လောက်က စစ်ကောင်စီအမိန့်နဲ့ ပြန်လည်ရုတ်သိမ်းသွားတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဂိတ်တွေ တော့မရှိ တော့ဘူ။စစ်သားတွေတော့ရှိတယ်။မထင်ရင်မထင်သလိုကားပေါ်ကဆွဲချတာ တွေလည်းရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ မန္တလေးဘက်ကနေ စစ်ကိုင်းတံတားအဝင် နှာပေါက်မှစစ်ကိုင်းဘက်အဝင်တံတားအဆင်းအထိ ဂိတ်ပေါင်း၁၀ ဂိတ်ထက်မနည်းရှိပြီး အဲဒီဂိတ်တွေက ငွေတောင်းကြမ်းတာ နာမည်အကြီးအကျယ်ပျက်လာပြီးတဲ့နောက် စစ်တပ်က ယခုလို ပိတ်သိမ်းလိုက်တာလို့ သိရပါတယ်။

ဒါပေမယ့် မန္တလေးဘက်မှာဆို ရွှေကြက်ယက်ရွာအနီးကနေ မော်တော်ယာဉ်ကြီးကြပ်ရေးဌာန(မယက)တွေက စီးဖမ်းတာရှိသလို စစ်ကိုင်းဘက်မှာဆိုရင် မြို့မရပ်ကွက်က ပျူစောထီးတွေက မြို့ထဲက လမ်းတွေမှာပိတ်ဆို့ဖမ်းဆီးတာတွေရှိသေးတယ်လို့ ဒေသခံတွေက ပြောပါတ‌‌ယ်။

ဆက်စပ်သတင်းများ

သတင်း

ခရီးသွားပြည်သူ​တွေကိုဓာတ်ပုံမှတ်တမ်းယူတာ​တွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံ​ရေးတင်းကြပ်

သတင်း

စစ်တပ်အခိုင်မာတပ်စွဲထားတဲ့ မင်းဘူး(စကု)မြို့က ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

သတင်း

တိုက်ခိုက်ခံရပြီးနောက်ခေတ္တပိတ်ထားရတဲ့ ကံတလူဂိတ် ပြန်ဖွင့်နေလို့ လင်းယုန်ညီနောင်အဖွဲ့က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့အဝင် စစ်ဆေးရေးဂိတ် ၃ဂိတ်ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဝင် ၃ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။