သုည/People’s Spring
စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILO ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောင်လံလွှင့်မည် ဒေသတွင်းသပိတ်စစ်ကြောင်းတွေ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပြီး ILO ရဲ့ ပုဒ်မ (၃၃) အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေး တောင်းဆိုခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
မြန်မာနိုင်ငံဆောက်လုပ်ရေးနဲ့သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWFM)အဖွဲ့ဝင်တွေကလည်း အကြမ်းဖက်စစ်တပ်ကို ILOမှ Article-33 နဲ့ အမြန်ဆုံးအရေးယူပေးရန် ဓာတ်ပုံကမ်ပိန်းနဲ့ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်
