Connect with us

Hi, what are you looking for?

သတင်း

သီပေါမှာ တောမီးကြောင့် မြေမြှုပ်မိုင်းပေါက်ကွဲမှု စစ်တပ်ထိန့်လန့်ပြီး ရန်းသမ်းပစ်ခတ်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ တောမီးကြောင့် မြေမြှုပ်မိုင်းပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံတွေကို စစ်ကောင်စီက ထိန့်လန့်ပြီး သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ တောမီးကြောင့် မြေမြှုပ်မိုင်းပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံတွေကို စစ်ကောင်စီက ထိန့်လန့်ပြီး သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

မတ်-၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ တောမီးကြောင့် မြေမြှုပ်မိုင်းပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံတွေကို စစ်ကောင်စီက ထိန့်လန့်ပြီး သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

မတ်လ ၄ရက်က သီပေါမြို့ပြင်ဘက်မှာ တောမီးလောင်နေစဉ် မိုင်းပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေ ထွက်လာတာပါ။ ဒေသခံတွေက တိုက်ပွဲဖြစ်တယ်လို့ ထင်သလို စစ်ကောင်စီတပ်တွေကလည်း သူတို့ကို လာရောက်ပစ်ခတ် တယ်ထင်ပြီး လက်နက်ကြီးနဲ့ပါ ရန်းသမ်းပစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” စစချင်းတော့ လန့်ကုန်တာ။ ကျတော်တို့ထက် စစ်တပ်က ပိုလန့်တာ။ အတွဲလိုက်ကိုပစ်တော့တာပဲ။ ပြီးမှ သတင်း ဝင်တာက တောမီးလောင်လို့ မိုင်းတွေကွဲတာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သီပေါမြို့က စစ်ကောင်စီရွေးကောက်ပွဲဝင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ကလည်း ‌တောမီးလောင်လို့ မြေမြှုပ်မိုင်းပေါက်ချိန်မှာ စစ်တပ်ကဟန့်တဲ့သဘောနဲ သေနတ်ဖောက်ခဲ့တယ်လို့ လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

တအာင်းတပ်မတော် TNLAဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့ မြို့တွေထဲမှာ သီပေါ်မြို့ပါခဲ့ပါတယ်။

၂၀၂၅ အောက်တိုဘာမှာတော့ တရုတ်အစိုးရဖိအားကြောင့် TNLAက ဆုတ်ခွာသွားသလို စစ်တပ်က ပြန်လည်း ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၅လခန့်ကြာတဲ့အထိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားစနစ်တကျ မလည်ပတ်နိုင်သေးပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလနဲ့ နောက်ပိုင်းကာလတွေအထိ ဒေသခံတွေမှာ မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

စစ်တပ်က မြို့ဘေးပတ်ဝန်းကျင်က မိုင်းတွေကိုမရှင်းသေးသလို ၎င်းတို့တပ်စွဲထားတဲ့ နေရာတွေအနီးမှာလည်း မိုင်းတွေထောင်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ သီပေါမြို့ထဲမှာ စစ်ကောင်စီက တပ်စွဲထားပြီး မြို့ပြင်ဘက်နဲ့ မြို့နယ်အတွင်း ကျေးရွာတွေမှာ ရှမ်းတပ် SSPP နဲ့ ကိုးကန့်တပ် MNDAA တို့ တပ်စွဲထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။