Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတစ်ခုအတွင်း 96 Soldiers တပ်မှ တပ်ခွဲမှူးတစ်ဦး ကျဆုံး

96 Soldiers – PDFအညာဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်ခွဲမှူး ရဲဘော်ဝေဖြိုးအောင် (ခေါ်)တစ်ဆယ်သည် မတ်လ ၁၁ရက်က စစ်ဆင်ရေးတစ်နေရာတွင် မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ယနေ့(မတ်လ ၁၁ရက်) အသိပေးထုတ်ပြန်သည်။

ကျော်ဇော/People’s Spring

96 Soldiers – PDFအညာဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်ခွဲမှူး ရဲဘော်ဝေဖြိုးအောင် (ခေါ်)တစ်ဆယ်သည် မတ်လ ၁၁ရက်က စစ်ဆင်ရေးတစ်နေရာတွင် မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ယနေ့(မတ်လ ၁၁ရက်) အသိပေးထုတ်ပြန်သည်။

ရဲဘော်တစ်ဆယ်သည် နွေဦးတော်လှန်ရေးကာလအတွင်း 96 Soldiers – PDF (အညာဒေသ)တပ်ခွဲ၌ ပါဝင်၍ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ခဲ့ပါသည်ဟု ဖော်ပြသည်။

ရဲဘော်တစ်ဆယ်အနေဖြင့် စစ်အာဏာရှင်အပြီး တိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းခုလက်တွင် မြင့်မြတ်စွာကျဆုံးရင်း အသက်ကိုပေးလှူခဲ့ပါသည်ဟု 96 Soldiers – PDF အညာဒေသက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် 96 Soldiers – PDFတပ်ဖွဲ့မှ ရဲဘော်တစ်ဆယ်အတွက် ကြေကွဲဝမ်းနည်းစွာဖြင့် ယူကျုံးမရဖြစ်ရသလို စွန့်လွှတ်အနစ်နာခံမှုအတွက်လည်း ဂုဏ်ယူမိပါသည်ဟု အသိပေး ထုတ်ပြန်ထားသည်။

ရဲဘော်တစ်ဆယ် ကျဆုံးခဲ့ရမှုနှင့်ပတ်သက်ပြီး 96 Soldiers – PDF အညာဒေသမှ ပြောခွင့်ရသူထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော် ငါးဦး ကျဆုံးခဲ့ပါတယ်။