Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ ILO ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုဆန္ဒပြ

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း(ILO)ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ KMD18

သုည/People’s Spring

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း(ILO)ရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားမှ ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ တော်လှန်လူငယ်တွေက ILO ပုဒ်မ ၃၃ နဲ့ စစ်ကောင်စီကို ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုတဲ့ ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတူ ပူး​​​ပေါင်းကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် လူထုလှုပ်ရှား တောင်းဆိုမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း ဒေသခံသပိတ်စစ်ကြောင်းက “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် လုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။