Connect with us

Hi, what are you looking for?

သတင်း

ကရင်နီဒေသ သောက်သုံးရေရှားပါးမှု အကူအညီလိုအပ်နေ

ကရင်နီပြည်တွင် နွေကာလ သောက်သုံးရေရှားပါးမှု ယခင်နှစ်များထက် ဆိုးရွားနေပြီး ဝိုင်းဝန်းလှူဒါန်းပေးကြရန် အရပ်ဘက်ကူညီရေးအဖွဲ့များက တိုက်တွန်းထားသည်။

ကရင်နီဒေသတွင် ဒေသခံများအား ရေပေးဝေလှူဒါန်းနေစဥ်။ ဓာတ်ပုံ - ကယားလီဖုလူငယ်အဖွဲ့

ကဖေး/ People’s Spring

ကရင်နီပြည်တွင် နွေကာလ သောက်သုံးရေရှားပါးမှု ယခင်နှစ်များထက် ဆိုးရွားနေပြီး ဝိုင်းဝန်းလှူဒါန်းပေးကြရန် အရပ်ဘက်ကူညီရေးအဖွဲ့များက တိုက်တွန်းထားသည်။

လွိုင်ကော်မြို့အပါအဝင် ကရင်နီပြည်မှ မြို့နယ်များအားလုံး ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ သောက်သုံးရေရှားပါးမှုပြဿနာ ရင်ဆိုင်ခဲ့ရပြီး ယခု မတ်လဆန်း၌ အခြေအနေပိုဆိုးနေသည်ဟု ဒေသခံများကပြောသည်။

“ဘယ်မြို့မှ စစ်‌ရေးငြိမ်မနေဘူး။ နဂိုကတည်းက သောက်ရေသုံးရေရှားပါးတာမို့ ဒီနှစ်က အခြေအနေပိုဆိုးနေတယ်။ အလှူရှင်တွေလှူမှ သက်သာရာရမယ့်အနေအထားဗျ။ အဲ့ဒါလေး အကူအညီတောင်းချင်တယ်” ဟု ဒီးမော့ဆိုမြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

နွေကာလ ရောက်လာသည့်နှင့်အမျှ စစ်ရှောင်လူထုသည် ရေရှားပါးမှုကြောင့် ဝေးလံသည့်နေရာတွင် သောက်သုံးရေအတွက် ခက်ခဲစွာ သယ်ယူကြရပြီး အကူအညီများ လိုအပ်နေသည်ဟုကယားလီဖုလူငယ်အဖွဲ့က အသိပေးထားသည်။

ကရင်နီပြည်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မိုးတွင်းကာလကလည်း ကြီးမားသည့် ရေဘေးကြုံတွေ့ခဲ့ပြီး ဂေဟစနစ်နှင့် ရေတွင်းရေကန်များ ပျက်စီးခြင်းတို့ရှိခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များကပြောသည်။

နွေကာလသည် လာမည့် ဧပြီနှင့် မေလအထိ ဆက်ရှိနေသေး၍ သောက်သုံးရေရှားပါးမှုပြဿနာကို နှစ်လခန့်အထိ ရင်ဆိုင်ရနိုင်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုအား စစ်ကောင်စီက လေကြောင်းမှ ဗုံး ၁၅လုံးထက်မနည်းကြဲ တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအရေးပေါ်ကယ်ဆယ်ရေး(CTER-Karenni)က ယနေ့(မတ်လ ၁၂ ရက်) အသိပေးထုတ်ပြန်သည်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်ကောင်စီက မီးလောင်ဗုံးနှင့် ဓာတုဗုံးများဖြင့် ပြန်လည်အသုံးပြုတိုက်ခိုက်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ မိုးဗြဲဇုန်တပ်ရင်းမှူး သိန်းထွန်းက ပြောသည်။

သတင်း

ဖုန်းပျောက်၍ ရဲစခန်းသွားတိုင်ရာမှ စစ်မှုထမ်းရန်အဓမ္မစစ်သားစုဆောင်းခံရသူရှိကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDF ထံ ဘက်ပြောင်းခိုလှုံလာသည့် ကိုအောင်သင်းက ပြောသည်။

Facebook