Connect with us

Hi, what are you looking for?

သတင်း

AA ထိုးစစ်​ကြောင့် ညောင်ကျိုးစခန်းမှ စစ်သားများဆုတ်ခွာထွက်​ပြေး

အာရက္ခတပ်တော်(AA)ထိုးစစ်ကြောင့်ပန်းတောင်းမြို့နယ်ရှိအခိုင်အမာစခန်းဖြစ်သောညောင်ကျိုးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာထွက်ပြေးနေပြီး စစ်ကောင်စီတပ်သည် ပြည်မြို့တွင်လုံခြုံရေးတိုးမြှင့်လိုက်ကြောင်း သတင်းရရှ်ိသည်။

၁၀၂၇ စစ်ဆင်​ရေးအတွင်းမှ AA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA Info Desk

■စစ်​ကောင်စီက ပြည်မြို့တွင် လုံခြုံ​ရေးတိုးမြှင့်

ကဖေး/People’s Spring

အာရက္ခတပ်တော်(AA)ထိုးစစ်ကြောင့်ပန်းတောင်းမြို့နယ်ရှိအခိုင်အမာစခန်းဖြစ်သောညောင်ကျိုးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာထွက်ပြေးနေပြီး စစ်ကောင်စီတပ်သည် ပြည်မြို့တွင်လုံခြုံရေးတိုးမြှင့်လိုက်ကြောင်း သတင်းရရှ်ိသည်။

အင်အားရာချီအသုံးပြုပြီး ဘန်ကာများ၊လက်နက်ကြီးများ တပ်စင်ထားပြီး အခိုင်အမာခံစစ်ပြင်ထားသော ညောင်ကျိုးစခန်းကို AAက ဖေဖော်ဝါရီလကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၁၁ရက် တိုက်ပွဲ၌ စစ်ကောင်စီစတင်ဆုတ်ခွာခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ညောင်ကျိုးကနေ စစ်တပ်ဆုတ်ပြီ။ဥသျှစ်ပင်ဘက်ရော ပြည်ဘက်ရော ဆုတ်လာတာ။ တိုက်ပွဲက ပြည်နဲ့လည်း ဆယ်မိုင်တောင် မဝေးတော့ဘူး။ နီးလာပြီ။ ပြည်မှာ ပျူစောထီး‌တွေအများကြီးသုံးပြီး အရမ်းစစ်နေတယ်”ဟုပြည်မြို့ခံတစ်ဦးကပြောသည်။

ညောင်ကျိုးစခန်းသည် တောင်ကုတ်−ပန်းတောင်းလမ်းပိုင်း ရခိုင်ရိုးမပေါ်၌ရှိပြီး ယင်းလမ်းမှ မိုးထိတောင်စခန်းကို AA က ဇန််နဝါရီလ ၂၆ရက်က သိမ်းပိုက်စဉ် ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခိုင်အမာတပ်စွဲထားသည့်နေရာဖြစ်သည်။စစ်ကောင်စီ၏ အမှတ် (၃ )စစ်လက်နက်ပစ္စည်းစက်ရုံ(ကပစ- ၃) ၏ ကာကင်းစခန်းတစ်ခုလည်းဖြစ်သည်။ပန်းတောင်းမြို့နယ်တွင်ကပစ (၃)၊ ကပစ (၅)၊ ကပစ (၉) တို့ရှိသည်။ AAသည် ကပစများကို ဦးတည်၍ စစ်ရေးဖော်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

ပန်းတောင်းမြို့နယ်သည်ပြည်မြို့နှင့် ၁၁မိုင်ခန့်ဝေးသည်။ပြည်မြို့ပေါ်တွင် စစ်ကောင်စီက စက်တပ်လေထီးနေ့စဉ်ပျံနေပြီး စစ်ရေးပြင်ဆင်နေသည်။

မိုးထိတောင်စခန်းကို သိမ်းယူခဲ့ကြောင်း AAက ဇန်နဝါရီလ ၂၇ရက်က သတင်းထုတ်ပြန်ခဲ့ပြီးနောက် ပဲခူးတိုင်းမှတိုက်ပွဲများနှင့်ပတ်သက်၍ ထပ်မံထုတ်ပြန်ခြင်းမရှိသေးပေ။ရခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီလက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီသည် ပဲခူးတိုင်းဖက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့်ပဲခူးတိုင်း-ရခိုင် ပြည်နယ်စပ်နေရာများနှင့် ရခိုင်ရိုးမတောင်တန်းတွင် တိုက်ပွဲများ နေ့တိုင်းဖြစ်ပွားနေကြောင်း AAက ဇန်နဝါရီလ (၂၇) ရက်တွင်ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ပြည်ခရိုင်အတွင်းပန်းတောင်း၊ပေါက်ခေါင်းတို့တွင်စစ်ရေးတင်းမာသည့် အခြေအနေဖြစ်ပြီး စစ်ကောင်စီတပ်က ပေါက်ခေါင်းမြို့ကိုလည်း အင်အားတိုးထားသည်။

စစ်ကောင်စီသည် တော်လှန်ရေးအားကောင်းသည့် ဒေသများ၌ အရပ်သားများအားဦးတည်ကာ မြေလှန်စနစ်ကျင့်သုံးပြီး အကြမ်းဖက်နေ၍ ဒေသခံများ သတိပြုကြရန် ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက သတိပေးထားသည်။

ပြည်ခရိုင်တပ်ရင်း(၃၆၀၂)ကလည်း ဒေသခံများအ‌နေဖြင့်အရေးပေါ်အခြေအနေအတွက်ရိက္ခာ၊ ဆေးဝါး၊ အရေးကြီးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားကြရန်၊ တိုက်ပွဲများပါက ရှောင်ရှားရန် ဘေးကင်းလုံခြုံသောနေရာအား ကြိုတင်ရှာဖွေ သတ်မှတ်ထားကြရန်၊ ဗုံးခိုကျင်းများတူးထားကြရန်၊ စစ်ကောင်စီကအရပ်သားများအား လူသားတံတိုင်းလုပ်ခြင်းများကြောင့် လုံခြုံရေးသတိရှိကြရန်သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။