Connect with us

Hi, what are you looking for?

သတင်း

လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်မှုများအား အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်ဆောင်ရွက်မည်ဟု NUG ထုတ်ပြန်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ခြောက်ဦးအပါအဝင် ပြည်သူ၂၇ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရခဲ့သည့် စစ်ကောင်စီ ၏ ကျူးလွန်မှုများအား အပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။

လက်ပန်လှကျေးရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ပြေးလွှားနေကြစဉ်။ ဓာတ်ပုံ - MDY PDF

အိမ်သွင်/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ခြောက်ဦးအပါအဝင် ပြည်သူ၂၇ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရခဲ့သည့် စစ်ကောင်စီ ၏ ကျူးလွန်မှုများအား အပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။

စဉ့်ကူးမြို့နယ်၊ မိုးကုတ်-မန္တလေးကားလမ်းဘေးရှိ လက်ပန်လှကျေးရွာအာယ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လ ၁၄ရက် ညနေ ၃နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

အမှတ် (၃၀၂၇) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း၊ တံတားဦး လေတပ်စခန်းမှ တက်လာသည့် YAK-130 ဂျက် ဖိုက်တာတို့ဖြင့် တိုက်ခိုက်ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အသက် (၄)လအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေးခြောက်ဦး၊ စုစုပေါင်း ပြည်သူ(၂၇)ဦး သေဆုံးပြီး ၃၈ဦး ထိခိုက်ဒဏ်ရာရကာ ပြည်သူပိုင်နေအိမ်နှစ်လုံး မီးလောင်ပြာကျခဲ့ရသည်ဟု ထုတ်ပြန်သည်။

ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမည်ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook