Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ ကချင်ပြည်နယ်မှာ ILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုဆန္ဒပြ

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ဖားကန့်ပင်မသပိတ်၊ ဘုတလင်သပိတ်

သုည/People’s Spring

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၁၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ဆန္ဒပြခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့အစည်း (ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဘုတလင်မြို့နယ်မှာလည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းရဲ့ ပုဒ်မ(၃၃)အရစစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေး ပင်မသပိတ်နဲ့ တ.က.သ ကျောင်းသားတွေ ပူးပေါင်းပြီး “ILO Implement Article 33 on Myanmar Now 2025” ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ကလေးမြို့ မော်လိုက်ကလေး အကျဥ်းထောင် (၃ -၁၅) ထောင်တွင်းလှုပ်ရှားမှု၊ (၃)နှစ်ပြည့် အောက်မေ့သတိရခြင်း လူထုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့် မြို့နယ်မှာလည်း အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုတွေ စုပေါင်းကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း (ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ပူတာအိုမြို့နယ်၊မူလာဒီကျေးရွာတွင် ဒေသခံ ငါးဦးအားရန်ပြုသတ်ဖြတ်ခဲ့သော မှုံယိုနေသည့်ဆင်ကိုယ‌နေ့ (ဧပြီလ ၂၁ရက်)မွန်းလွဲပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ပြီးဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၂၀)မှာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ရေး လှုံဆော်တဲ့ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၉)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နဲ့ လေကြောင်းရန်ကာကွယ်ရေးဟောပြောမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၈)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နဲ့ တော်လှန်သံချပ် ဖျော်ဖြေမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။