Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့စီးပွားရေး ဆက်လက်ကျဆင်း

မြန်မာ့စီးပွားရေး ဆက်လက်ကျဆင်းနေကြောင်း လန်ဒန်အခြေစိုက် စီးပွားရေးဆိုင်ရာသုတေသန အဖွဲ့ Business Monitor International (BMI)၏ မတ်လ ဒုတိယပတ်အစီရင်ခံစာတွင် ဖော်ပြသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် စေတနာရှင်အချို့လှူဒါန်းသောအစားအသောက်ရိက္ခာ ရရှိရန် တန်းစီးစောင့်ဆိုင်းနေသူများကို ၂၀၂၁ မေ ၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − EPA

ရဲခေါင်/People’s Spring

မြန်မာ့စီးပွားရေး ဆက်လက်ကျဆင်းနေကြောင်း လန်ဒန်အခြေစိုက် စီးပွားရေးဆိုင်ရာသုတေသန အဖွဲ့ Business Monitor International (BMI)၏ မတ်လ ဒုတိယပတ်အစီရင်ခံစာတွင် ဖော်ပြသည်။

ယခုနှစ် မတ်လကုန် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း စီးပွားရေးသည် ၂ရာခိုင်နှုန်း ကျဆင်းမည် ဖြစ်ကာ အာဏာမသိမ်းမီ ၂၀၂၀နှင့် နှိုင်းယှဥ်ပါက လေးနှစ်အတွင်း စီးပွားရေး ၂၀ ရာခိုင်နှန်းကျဆင်းခြင်းဟု ဆိုသည်။

လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများ၊ သဘာဝဘေး အန္တရာယ်များ၊ လျင်မြန်သော ငွေကြေးတန်ဖိုးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုနှင့် ပြင်ပသို့ ရွှေ့ပြောင်းနေထိုင်မှုများ၏ သက်ရောက်မှုများသည် ပုံမှန်စီးပွားရေးကို ပျက်ပြားစေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ပြည်တွင်း ပဋိပက္ခများ လျော့ပါးသွားသည့် အရိပ်အယောင်များ မပြဘဲ၊ မြင်ကွင်းမှာ ဝေဝါးနေဆဲ”ဟု BMI ၏ သုတေသနအဖွဲ့ က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များသည် တိုးလာနေပြီး ၂၀၂၅တွင် ခန့်မှန်းခြေ လူဦးရေ သန်း ၂၀နီးပါး အကူအညီလိုအပ်လိမ့်မည်ဟု ဖော်ပြသည်။

အထူးသဖြင့် ၂၀၂၄ ဖေဖော်ဝါရီတွင် စတင်ကြေညာခဲ့သော စစ်တပ်၏ အတင်းအကျပ် စစ်မှုထမ်းဥပဒေကြောင့် လူငယ်ပေါင်းများစွာကိုနိုင်ငံတွင်းမှထွက်ပြေးရန် တွန်းပို့ခဲ့ပြီး နိုင်ငံ၏ လုပ်သားအင်အား လျင်မြန်စွာ လျော့နည်းသွားစေခဲ့သည်ဟု BMIက ဆိုသည်။

အစုအပြုံလိုက်ထွက်ခွာမှုသည် ကုန်ထုတ်စွမ်းအားကို သိသိသာသာ ကျဆင်းသွားစေရုံသာမက ပြည်တွင်းစစ် မလွဲမသွေ ပြီးဆုံးသွားသည့်တိုင် စျေးကွက်အပေါ် ကာလရှည်ကြာ အရိပ်ထိုးနေလိမ့်မည်ဖြစ်ကြောင်းလည်း မှတ်ချက်ပြုထားသည်။

မြန်မာစစ်တပ်သည် ဆက်လက်တည်ရှိနေသရွေ့ ၎င်း၏အုပ်ချုပ်မှု၌ တိုင်းပြည်စီးပွားရေး ယိုယွင်းလာကာ မျိုးဆက်တစ်ခုအထိ တိုင်းပြည်ကို နောက်ပြန်ဆုတ်စေမည့် သက်ရောက်မှုများရှိနေမည်ဖြစ်ဟု အစီရင်ခံစာက ဖော်ပြသည်။

ထို့အပြင် မြန်မာ့စီးပွားဆုံးရှုံးမှုသည် ၂၀၂၈ထိ ပြန်ဆယ်၍ ရနိုင်သည့် အနေအထားမရှိကြောင်းလည်း ပြည်ပ စီးပွားရေး သုသေတနအဖွဲ့အစည်း Fitch Solutionsက ခန့်မှန်းထားသည်။

ကုလသမဂ္ဂ (UN)က ၂၀၂၃ အောက်တိုဘာလကစ၍ မြန်မာနိုင်ငံသား ၁.၅ သန်းခန့်သည် အခြေအနေ မျိုးစုံနှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြသည်ဟု ဆိုသည်။ ထို့ကြောင့် အာဏာသိမ်းမှု စတင်ချိန်မှ ရေတွက်ပါက နိုင်ငံလူဦးရေ​၏ရ၆ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည့် လူပေါင်း ၃.၅ သန်းခန့်မှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းထားရသည့် အဓိပ္ပါယ်ဟုလည်း ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအပါအဝင်စစ်တပ် ဝါဒဖြန့်ချိတဲ့ အကောင့် တစ်ရာကျော်ကို ဖေ့စ်ဘွတ်ခ်ရဲ့ ပလက်ဖောင်းကနေကဖယ်ရှားခဲ့တယ်လို့ Justice For Myanmar (JFM) ကအသိပေးထားပါတယ်။

နိုင်ငံတကာ

ကုန်စျေးနှုန်းနဲ့ လူနေစရိတ်တွေ မြင့်တက်လာမှုကို တန်ပြန်တဲ့ အနေနဲ့ ကုန်စည်တွေကို အထူးလျှော့စျေးနဲ့ အပတ်စဉ် ရောင်းချပေးမယ့် အစီအစဉ်ကို ထိုင်းအစိုးရက မိတ်ဆက်ခဲ့ပါတယ်။

သတင်း

ကမ္ဘာ​ကျော် Alibaba(အလီဘာဘာ)ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Shop .com.mm(Shop App MM)ဟာမြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားခဲ့တဲ့ လုပ်ရပ်ဟာ စီးပွားရေး အကြမ်းဖက်မှု တစ်ခုလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။