ရှိန်း/People’s Spring
ယတြာကို ယုံကြည်တဲ့ စစ်ခေါင်းဆောင်ကခေတ်အဆက်ဆက်အသုံးပြုလာတဲ့ မန္တလေးနန်းတွင်းအဝင် ပေါက် ၂၂လမ်း( အမင်္ဂလာတံတား)ကိုပိတ်လိုက်ပြီး ၁၉လမ်း (မင်္ဂလာတံတား)ကနေသာ နန်းတွင်းထဲအဝင်ထွက်လမ်းကို ခွင့်ပြုထားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
မန္တလေးမြို့၊လမ်း၈၀၊၁၉လမ်းက မင်္ဂလာတံတားကိုဖေဖော်ဝါရီလ ၈ရက်နေ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီနောက် ပုံမှန်အသုံးပြုနေကျ လမ်း၈၀၊၂၂လမ်းကနေ မန္တလေးကျုံးအနောက်ဘက်ကအဝင် ပေါက်လမ်းကိုပိတ်လိုက်ပြီး ၁၉လမ်းကပဲ ဝင်ခွင့်ပြုထားတာလို့ဒေသခံအချို့ကပြောပါတယ်။

Public Service Announcement
“၂၂လမ်းကဘန်ကာတွေ နဲ့ တပ်အစောင့် နဲ့ အသေပိတ်လိုက်ပြီ။၁၉လမ်းကနေပဲ ဝင်ရတော့တယ်။နန်းတွင်းထဲက ကား တွေအကုန်လည်းလမ်းပြောင်းထွက် နေရပြီ”လို့ မြို့ခံတဦးက ပြောပါတယ်။
အရင်အသုံးပြုခဲ့တဲ့ ၂၂လမ်းအဝင် ပေါက်ဟာ နန်းတွင်းထဲကို ဝင်ပြီး နန်းဆောင်တွေကိုသွားရောက်လည်ပတ်တဲ့လမ်းဟာ အလယ်ပိုင်းတိုင်းစစ်ဌာ
နချုပ်(လပခ)တိုင်းမှူးရဲ့ နေအိမ်နဲ့လည်းနီးတာမို့ လုံခြုံရေးအရလည်း ဒီလမ်းကိုပိတ်တာဖြစ်နိုင်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးကလည်းပြောပါတယ်။
လပခတိုင်းမှူးရဲ့နေအိမ်ဟာ ၂၂လမ်းကနန်းတွင်းထဲကိုဝင်ရင် လမ်းရဲ့ ညာဘက်မှာရှိပြီး ၇၃လမ်းနဲ့၂၆လမ်း(ကျုံးတောင်ဘက်ထွက်ပေါက်)အနီးမှာရှိကာ အဝင်အထွက်ကန့်သတ်ထားတဲ့ နေရာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
အောင်မြေသာစံမြို့နယ်၊လမ်း၈၀၊၁၉လမ်းကမင်္ဂလာတံတား( စည်ရှည်တံတား)ဟာ ဒုတိယကမ္ဘာစစ်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လွန်ခဲ့တဲ့၁၆နှစ် ဝန်းကျင်စစ်အစိုးရလက်ထပ်မှာ ၂၂ လမ်းအဝင်ပေါက်က အမင်္ဂလာ နဲ့ မှားယွင်းပြီး ဖျက်ဆီးခံခဲ့ရပါတယ်။
အဲဒီတံတားရဲ့အုတ်အကျိုးအပဲ့တွေကိုလည်း ဧရာ
ဝတီမြစ်အနီးမှာမြေမြှုပ်ခိုင်းခဲ့ပါတယ်။ဒီတံတားကိုစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခါယူကာ ပြန်ဆောက်ခိုင်းခဲ့သလို တံတားဖွင့်ပွဲကိုလည်း ကိုယ်တိုင်လာရောက်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ် ။


















































