Connect with us

Hi, what are you looking for?

သတင်း

ရွှေစျေး အတက်ကြမ်းနေ၊ တစ်ကျပ်သား ၆၈သိန်းကျော် ရှိလာ

ကမ္ဘာ့ရွှေစျေးဆက်တက်လာပြီးနောက် ပြည်တွင်းရွှေစျေးမှာလည်း တစ်ကျပ်သား ၆၈သိန်းကျော်အထိရှိလာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်မှ သိရသည်။

ရဲခေါင်/People’s Spring

ကမ္ဘာ့ရွှေစျေးဆက်တက်လာပြီးနောက် ပြည်တွင်းရွှေစျေးမှာလည်း တစ်ကျပ်သား ၆၈သိန်းကျော်အထိရှိလာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်မှ သိရသည်။

ယနေ့(မတ်လ ၁၈ရက်) နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေအဖွင့်စျေးမှာ တစ်အောင်စ ၃,၀၀၁ ဒေါ်လာဖြစ်ခဲ့ပြီး ညနေပိုင်းစျေး၌ ဒေါ်လာ ၃,၀၂၀ခန့် ရှိခဲ့သည်ဟု ဆိုသည်။

“ပြည်တွင်း၊ ပြင်ပစျေးကွက်မှာတော့ စျေးခွာကြမ်းတာနေတာ တစ်ခုပဲ။ဝယ်စျေးရော၊ရောင်းစျေးရောကတော့ တက် နေတယ်။အရောင်းက အဝယ်နဲ့ တစ်သိန်းလောက် ဟတယ်” ဟု ရန်ကုန်မြို့ရွှေစျေးကွက်ထဲရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်ရက်သတ္တပတ်ကစ၍ ရွှေဈေးသမိုင်းတွင် ပထမဆုံးအကြိမ် တစ်အောင်စ ဒေါ်လာ ၃,၀၀၀ ကျော်သို့ ရောက်ရှိလာပြီးနောက် ပြည်တွင်း ရွှေစျေးကွက်မှာလည်း ကျပ်တစ်သိန်းဝန်းကျင် မြင့်တက်ခဲ့သည်။

လက်ရှိ အတက်ကြမ်းနေသည့်ရွှေစျေး​ကြောင့် ဝယ်ရောင်းသူများသတိပြုရန်လိုကြောင်းလည်း ပြည်တွင်း ရွှေစျေးကွက်​လေ့လာစောင့်ကြည့်သူအချို့က သတိပေးသည်။

ကမ္ဘာ့ရွှေစျေးသည် နိုင်ငံတကာအခင်းအကျင်းများ ပေါ်တွင်မူတည်၍ စံချိန်တင်စျေးတန်းပေါ်လာခြင်းဖြစ်ပြီး အထူးသဖြင့် ယူကရိန်းနိုင်ငံအ‌ခြေအနေကို အခြေခံသည့် အမေရိကန်-ရုရှား အရေးနှင့် အမေရိကန် – တရုတ် နှင့် ဥရောပသမဂ္ဂနိုင်ငံများအကြား အခွန်စည်းကြပ်မှု အားပြိုင်မှုကြောင့်ဟု နိုင်ငံတကာစီးပွားရေးသတင်းများတွင် ဖော်ပြသည်။

ယနေ့ ညနေပိုင်းအထိ ပြင်ပရွှေစျေးကွက် အရ အခေါက်ရွှေတစ်ကျပ်သား ရောင်စျေး ၆,၈၂၀,၀၀၀ ကျပ်နှင့် ဝယ်စျေး ၆,၇၀,၀၀၀ ကျပ်ရှိနေသည်။၁၅ ပဲရည် တစ်ကျပ်သားရောင်းစျေးသည် ၆,၃၇၀,၀၀၀ ကျပ် နှင့် ဝယ်စျေး ၆,၂၉၀,၀၀၀ ကျပ် ဖြစ်သည်။

စစ်ကောင်စီ၏ ရွှေလုပ်ငန်းရှင်အသင်း၏ ၁၆ ပဲရည်တစ်ကျပ်သားသီးခြားသတ်မှတ်စျေးသည် ၅,၅၁၀ ,၀၀၀ ကျပ် ဖြစ်သည်။ အဆိုပါစျေးနှုန်းဖြင့် ရွှေဆိုင်များ ရောင်းဝယ်ရန်သတ်မှတ်ထားသော်လည်း ဆိုင်အများစုမှာ မရောင်းဘဲ ပြင်ပအဝယ်သာ လက်ခံကြသည်။

ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းစျေးကွက်တွင် စျေးတည်ငြိမ်နေပြီး တစ်ဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ၄,၃၂၅ ကျပ်နှင့် အရောင်း ၄,၄၀၀ ကျပ်ဝန်းကျင်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် ပြည်တွင်းရွှေစျေးမှာ တစ်ကျပ်သား ကျပ်၈၆ သိန်းကျော်လာပြီလို့ ရွှေ၊ငွေ အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးစံချိန်တင်ဆက်မြင့်တက်နေပြီးပြည်တွင်းရွှေဈေးတကျပ်သားကျပ်သိန်း ၈၀ ကျော်လာနေတယ်လို့ရွှေနှင့်ငွေဈေးကွက်အရောင်း အဝယ်လုပ်နေသူတွေက ပြောပါတယ်။