Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ စစ်ကားတစ်စီး ပျက်စီးဟု ပကဖပြော

တိုက်ပွဲ ၁၂ရက်ကြာဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်း မကွေးဘက်ဆုတ်ခွာသွားဟုဆို

စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များကို တွေ့ရစဥ်။ ဓာတ်ပုံ - စလင်း ပကဖ

မတ် ၂၀၊၂၀၂၅။ ရဲခေါင်/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်၌ ၁၂ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းထိခိုက်သေဆုံးပြီး စစ်ကားတစ်စီးပျက်စီးသွားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ စလင်းက ယနေ့(မတ်လ ၂၀ ရက်)တွင် အသိပေးထုတ်ပြန်သည်။

စလင်းမြို့နယ်ရှိ စလင်း-ဆင်ဖြူကျွန်းနှင့် ဆင်ဖြူကျွန်းတညောင်လမ်းပိုင်း၌ ယခု မတ်လ ၆ ရက်မှ ၁၇ ရက်အထိ ၁၂ ရက်ကြာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ခြင်းဟု စလင်း ပကဖက အသိပေးသည်။

တင့်ကား၊သံချပ်ကာ ယာဥ်အပါအဝင် လေကြောင်းမှ Mi-35ပါ ပစ်ကူပေးအသုံးပြုခဲ့သည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကနဦးအနေဖြင့် စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်း၌ မိုင်းဆွဲပြီး အပြန်အလှန်ပစ်ခတ်မှုရှိခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းတွင်လည်း ထိတွေ့မှုဆက်လက်ဖြစ်ခဲ့ရာ စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

မတ်လ ၁၆ ရက်တွင် ပွင့်ဖြူမြို့နယ်ဘက်မှ စစ်ကားခြောက်စီးဖြင့် အင်အားထပ်မံ ဖြည့်လာသည့် စစ် ကောင်စီယာဥ်တန်းအား စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းတွင် ပဒေသာမိုင်းဖြင့်တိုက်ခိုင်ခဲ့ရာ စစ်ကား တစ်စီးပျက်စီးပြီး လူထိခိုက်မှုများနိုင်ကြောင်း စလင်း ပကဖက ပြောသည်။

ထို့နေ့ ညနေပိုင်းတွင်လည်း ဆင်ဖြူကျွန်း- တညောင်တိုက်နယ်ဘက်၌ ထိတွေ့မှု ဆက်လက်ဖြစ်ခဲ့သည်ဟု ဆိုသည်။ ၁၂ ရက်ကြာ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုတွင် တော်လှန်ရေးအင်အားစုဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ကျဆုံးမှုမရှိကြောင်း အသိပေးထားသည်။

“ဆိတ်ဖြူကနေ ချောက်ဘက်ကိုကူးပြီး မကွေးဖက်ပြန်တယ်လို့ သတင်းရထားပါတယ်”ဟု ဆုတ်ခွာသွားသည့် စစ်ကောင်စီစစ်ကြောင်းအခြေအနေကို စလင်းမြို့နယ်ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စလင်းမြို့နယ်ရှိ စလင်း-ဆင်ဖြူကျွန်း-တညောင် လမ်းပိုင်းသည် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များရှိရာ ဆိပ်ဖြူမြို့နယ်ဘက်သို့ သွားရာလမ်းဖြစ်ပြီး စစ်ရေးအရ အရေးပါ၍ စစ်ကောင်စီက နယ်မြေစိုးမိုးရန် စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်းပိုင်းတလျှောက်အား နယ်မြေစိုးမိုးရန်နှင့် တပ်စွဲထားနိုင်ရန်အတွက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသော်လည်း တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် တပ်စွဲထားနိုင်ခြင်းမရှိဘဲ မကွေးမြို့ဘက်သို့ ထွက်ခွာသွားကြောင်း စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူက ပြောသည်။

“တပ်စွဲထားနိုင်တာ မျိုးမရှိပါဘူး။တညောင်အထိ လမ်းရှင်းသွားတဲ့ အနေအထားပါ။လမ်းမကြီးရဲ့ ဘယ်ညာ နယ်မြေတွေအားလုံးကို သူတို့မရောက်ဘူး။ကတ္တရာလမ်းဘေးဝဲယာက ရွာတွေကို မီးရှို့ခဲ့တာ”ဟု စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီစစ်ကြောင်းအား စလင်း ပကဖ၊ မင်းဘူးခရိုင် တပ်ရင်း ၁၊ ဒေါင်းစစ်အောင် LPDF၊မကွေးခရိုင်အမှတ် ၁ တပ်ရင်း၊မကွေးမြို့နယ်ပကဖ၊ဆိပ်ဖြူမြို့နယ်ပကဖ နှင့် CGF တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် စလင်း-ဆိပ်ဖြူကားလမ်းပိုင်း ကျေးရွာများရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၇၀ခန့် ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် အကူအညီများလိုအပ်နေကြောင်း စလင်း ပကဖက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မီးဖွားဖို့အကူအညီလိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တဦးကို စလင်း(ပကဖ) ဆေးတပ်သားတွေက ကလေးမီးဖွားပေးလိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကျောက်ကုန်း ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၁၁ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။