Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ နမ့်‌မှော်ရွာ နွံကန်ပေါက်လို့ ပိတ်မိ​​နေတဲ့​ဒေသခံ​တွေကို အပြင်ထွက်နိုင်ဖို့ ကြိုးစား​နေ

ဖားကန့်မြို့နယ် နမ့်‌မှော်ရွာမှာ မတ်လ ၂၁ ရက်နံနက်က မြေစာပုံနွံကန်ပေါက်ပြီး နုန်းမြေတွေ ရွာထဲစီးဝင်နေပါတယ်။

ဖားကန့်မြို့နယ် နမ့်‌မှော်ကျေးရွာတွင် မတ်လ ၂၁ရက်နံနက်က မြေစာပုံနွံကန် ပေါက်ပြီး နုန်းမြေများကျေးရွာအတွင်းစီးဝင်လာစဉ်။ ဓာတ်ပုံ - CJ

ကဖေး/People’s Spring

ဖားကန့်မြို့နယ် နမ့်‌မှော်ရွာမှာ မတ်လ ၂၁ ရက်နံနက်က မြေစာပုံနွံကန်ပေါက်ပြီး နုန်းမြေတွေ ရွာထဲစီးဝင်နေပါတယ်။

ဒေသခံတွေက ရွာထဲကနေထွက်ဖို့ကြိုးစားနေပြီး ကယ်ဆယ်ရေးအဖွဲ့တွေကလည်း နွံတွေကို စက်ယန္တယား အကူအညီနဲ့ ရှင်းလင်းနေပါတယ်။ ​နေ့ခင်း ၁၁ နာရီ ဝန်းကျင်အထိ ဒေသခံတွေ ထိခိုက်မှုမရှိသေဘူးလို့သိရပြီး နွံကန်အန္တရာယ်ကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

https://www.facebook.com/LuduNwayOo/videos/2985526818252393

Public Service Announcement

Public Service Announcement

မနက်ဘက်ဖြစ်လို့ ကံကောင်းတာ။ ညဘက်ဆိုမတွေးရဲဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။

နမ်‌မှော်ရွာဟာ ဆိုင်းတောင်ရွာကနေ တာမခန်ရွာကို သွားသည့်လမ်းမှာရှိတဲ့ တောင်ခြေရွာပါ။

ဖားကန့်မြို့နယ် စဘော့ကျေးရွာမှာ ဇန်နဝါရီ ၁၃ရက ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျလို့ ကလေးငယ် လေးဦးနဲ့ အမျိုးသမီး ၁၄ဦးအပါအဝင် ရုပ်အလောင်း ၃၂လောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အိမ်ခြေ ၅၇ကျလုံးလည်း ပျက်စီးခဲ့ပြီး သုံးရက်ကြာ ရှာဖွေကယ်ဆယ်ရေးလုပ်ပြီး ရှာ‌ဖွေရေးရပ်ဆိုင်းခဲ့ပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာ အဆိုပါ မြေစာပုံထပ်ပြိုပြီး သုံးဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ရုံးတွင်းမိုင်းပေါက်ကွဲမှုကြောင့်လို့ သိရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတဲ့အတွက် ဒေသခံတွေ လုံခြုံရေး သတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook