Connect with us

Hi, what are you looking for?

သတင်း

KNU ဌာနချုပ်အနီး ရှိ တပ်စခန်းဆီ လေကြောင်းကနေ စစ်ကောင်စီ ရိက္ခာဖြည့်တင်းနေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုဌာနချုပ်အနီးမှာ နေရာယူတပ်စွဲထားတဲ့ ဗျုဟာစခန်းဆီ စစ်ကောင်စီတပ်က လေကြောင်းကနေ ရိက္ခာဖြည့်တင်းနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၁၈ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလေ့ကျင့်မှုကိုတွေ့ရပုံ (ဓာတ်ပုံ - CINCDS)

နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုဌာနချုပ်အနီးမှာ နေရာယူတပ်စွဲထားတဲ့ ဗျုဟာစခန်းဆီ စစ်ကောင်စီတပ်က လေကြောင်းကနေ ရိက္ခာဖြည့်တင်းနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီတပ်စခန်းဟာ လှိုင်းဘွဲ့မြို့နယ် ၊ ခလော်ကထိုက် ( ရှမ်းရွာသစ်မြို့ ) ရှိ ဗျုဟာ စခန်းဖြစ်ပြီး မတ်လ ၁၉ ရက်က ရဟတ်ယာဉ်နဲ့ ရိက္ခာလာချပေးသွားတာလို့ သတင်းရင်းမြစ်က အသိပေးပါတယ်။

ခလော်ကထိုက် (ရှမ်းရွာသစ်မြို့) ဗျူဟာကုန်းဟာ KNU ရဲ့ နယ်မြေသတ်မှတ်ပုံအရ ဖားအံခရိုင်၊ တပ်မဟာ ၇ နယ်မြေ ထဲမှာ ရှိပါတယ်။

Public Service Announcement

Public Service Announcement

လှိုင်းဘွဲမြို့နယ်၊ မဲ့တလေ – ရှမ်းရွာသစ် – လှိုင်းဘွဲ ကားလမ်းပေါ်မှာ နေရာယူတပ်စွဲထားတာဖြစ်ပြီး ထိုင်းနယ်စပ်အနီး ရှိ KNU ဗဟို ဌာနချုပ်နဲ့ အနီးဆုံးမှာ ရှိတဲ့ စခန်းဖြစ်ပါတယ်။

KNU နဲ့ ပူးပေါင်းတပ်တွေရဲ့ ဖြတ်တောက် တိုက်ခိုက်မှုတွေကြောင့် ရှမ်းရွာသစ်ဗျူဟာစခန်းကုန်းဆီ မြေပြင်ကနေ ရိက္ခာပို့ ဖို့ မလွယ်ကူတာကြောင့် စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ရိက္ခာ ဖြည့်တင်းနေသလို စခန်း ရဲ့ ခံစစ်ကိုလည်း ပြင်ဆင်နေတယ်လို့ ကရင် စစ်ရေး သတင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း မတ်လ ၁၄ ရက်မှာတော့ KNU တပ်မဟာ (၇) နယ်မြေထဲက ထိုင်းနယ်စပ်အနီး သောင်ရင်းမြစ် ရေလမ်းကြောင်းကို စိုးမိုးထားတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၁၂၄၈( ပူလူတူ) စခန်းကို KNU နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားပါတယ်။

ပူလူတူခြေကုပ်စခန်းကို KNU က တိုက်ခိုက်သိမ်းယူပြီး ၅ ရက်အကြာမှာ KNU ဗဟိုဌာနချုပ် ရှိ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တန်ပြ တိုက်ခိုက်လာပါတယ်။

KNU ဌာနချုပ်ကို လာရောက်တိုက်ခိုက်တဲ့ ဒရုန်းဟာ ရှမ်းရွာသစ်မြို့အခြေစိုက် ဗျူဟာကုန်းကနေ စေလွှတ်တဲ့ ဒရုန်း ဖြစ်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က ယူဆထားကြပါတယ်။

KNU ဟာ တပ်မဟာ ( ၇) နယ်မြေ ထဲမှာရှိတဲ့ ဗဟိုဌာနချုပ် နယ်မြေဟောင်းဖြစ်တဲ့ မာနယ်ပလော ဒေသက စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်ရှင်းလင်းပြီး မာနယ်ပလောကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အပြီးသတ် သိမ်းယူထားနိုင်ခဲ့ပါတယ်။

မာနယ်ပလော ကို စစ်ကောင်စီတပ် လက်လွှတ်လိုက်ရပြီးနောက် တပ်မဟာ (၇) နယ်မြေထဲမှာ စစ်ရေးအခြေအနေတွေ တင်းမာလာတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုဌာနချုပ်အနီးကို စစ်ကောင်စီက ဩဂုတ်၁၀ရက် ညပိုင်းတွင် Y12 လေယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်းတဦး ဒဏ်ရာရခဲ့ပြီး အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်၌ ယနေ့ ည‌ပိုင်းတွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားကြောင်း သိရသည်။။

သတင်း

ထိုင်း - မြန်မာ နယ်စပ်က ခြေကုပ်စခန်းကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ (မတ်လ ၁၈ရက် ) မနက်ပိုင်းအစောပိုင်း ၃ နာရီကျော်က ကရင်အမျိုးသားအစည်းအရုံး ( KNU) ဗဟိုဌာနချုပ်ကို ဒရုန်းနဲ့ သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်မှုမရှိဘူးလို့ KNU တပ်မဟာ (၇)...