Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လက်အောက်ကျန်နေသည့် ဒေသများရှိပြည်သူများထံ တော်လှန်ရေးတပ်များလာမည်ဟု KNU ပြော

စစ်ကောင်စီ လက်အောက်၌ကျန်နေသည့် ဒေသများရှိပြည်သူများထံ မရောက်ရောက်အောင် လာမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

KNU/KNLA တပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - EPA

“ကျနော်တို့ ပြည်သူတွေရှိတဲ့နေရာကို မရောက် ရောက်အောင်လာမယ်။ ကျနော်တို့ အုပ်ချုပ်ရေးစနစ်အသစ်တွေ ပြန်အစားထိုးမယ်”

− ပဒိုစောတောနီး

ဟန်နွေ/People’s Spring

စစ်ကောင်စီ လက်အောက်၌ကျန်နေသည့် ဒေသများရှိပြည်သူများထံ မရောက်ရောက်အောင် လာမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

လက်ရှိ နိုင်ငံရေး၊စစ်ရေး အခြေအနေများနှင့်ပတ်သက်ပြီးသတင်းစကား ပြောကြားပေးရန် မေးမြန်းချက်အပေါ် ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။

“လက်ရှိ စစ်ကောင်စီရဲ့ လက်အောက်မှာ ကျန်နေသေးတဲ့သူတွေအားလုံး သတင်းပေးချင်တာ က ကျနော်တို့က လာကိုလာမယ်။ မရောက်အရောက်လာမယ်။ ကျနော်တို့ ပြည်သူတွေရှိတဲ့နေရာကို မရောက်ရောက်အောင်လာမယ်။ ကျနော်တို့ အုပ်ချုပ်ရေးစနစ်အသစ်တွေပြန် အစားထိုးမယ်။ လူထုဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း တော်လှန်ရေးလုပ်ဆောင်ပြီးတဲ့တချိန်တည်းမှာ အဲဒါကို ထပ်ချပ်မကွာ ကျနော်တို့ ဆက်လက်လုပ်သွားမယ်ဆိုတဲ့ သတင်းကောင်းပေးချင်ပါတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိကာလသည် စစ်အာဏာရှင်အနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အဘက်ဘက် ယိုယွင်းနေသည့် အချိန်ဖြစ်ပြီး လူထုလှုပ်ရှားမှုများကိုလည်း စစ်ကောင်စီ အနေဖြင့် နှိမ်နင်းနိုင်ခြင်းမရှိဟု ပြောသည်။

တော်လှန်ရေးအဖွဲ့များအနေဖြင့်လည်း နိုင်ငံရေး စစ်ရေး၌အကြပ်အတည်းများ ရှိနေသော်လည်း ယင်းသည်ပင်လျင် တော်လှန်ရေးပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

” ဒီအကြမ်းအတည်းတွေမရှိဘူးဆိုရင် ဒါတော်လှန်ရေးလည်းမဟုတ်တော့ဘူး။ ဘာလို့လည်းဆို ခက်ခဲကြမ်းတမ်းတဲ့အခြေအနေကနေ မဟုတ်မမှန်တဲ့ဟာကို တော်လှန်ပစ်တာလေ။ အဲဒါကြောင့် ကျနော်တို့ ရှိတဲ့ခွန်အားနဲ့ပဲ ကျနော်တို့ ရပ်တည်တယ်”ဟု ပဒိုစောတောနီးက ပြောသည်။

တစ်ဖက်တွင် စစ်ကောင်စီ နယ်မြေများကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီကလည်း တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် သိမ်းပိုက်နယ်မြေများကို အုပ်ချုပ်ရေးလုပ်နိုင်မည်မဟုတ်ဟု ဝါဒဖြန်မှုများ ရှိနေကြောင်း ပဒိုစောတောနီးက ပြောပြသည်။

တော်လှန်ရေးလုပ်ဆောင်မှုသည် စစ်တိုက်တာ တခုတည်းမဟုတ်ဘဲ ပညာရေး၊ ကျန်းမာရေး အပါအဝင် လူထုဝန်ဆောင်မှု လုပ်ငန်းများကို အမြဲကြိုးစားဆောင်ရွက်နေပြီး ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိကြောင်း ပြောပြသည်။

“ကျနော်တို့ နေရာတွေ ထိန်းသိမ်းနိုင်ပြီဆိုရင် သေသေသပ်သပ်နဲ့ကို ကျနော်တို့အုပ်ချုပ်နိုင် တယ်”ဟု ပဒိုစောတောနီးက ပြောသည်။

ဆက်လက်၍ အုပ်ချုပ်ရေးစနစ်ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်သာရှိပြီး နယ်မြေနှင့် လူထုကို ပိုင်နိုင်စွာအုပ်ချုပ်နိုင်သည် ကို သက်သေပြနိုင်ကြောင်း ပြောသည်။

လက်ရှိ အခြေအနေများအရ စစ်အာစာရှင်စနစ် မုချ ကျဆုံးရန်မှာ သေချာကြောင်း၊ စစ်ကောင်စီအနေဖြင့် တော်လှန်ရေးတပ်များ လက်ရှိ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်တိုက်ယူ၍ရမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

တော်လှန်ရေး၌ အခက်အခဲများရှိနေသော်လည်း ရှေ့ဆက်သွားမည်ဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်ထားသည့် လက်ကျန်နယ်မြေများရှိ ပြည်သူများရှိရာသို့ မရောက်ရောက်အောင် လာမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များကလည်း ယခု ၂၀၂၅တွင် တော်လှန်ရေးအတွက်သိသာသည့် အပြောင်းအလဲကို ဖော်ဆောင်ရန်ရှိကြောင်း အသိပေးထားပြီး စစ်အာဏာသိမ်းမှု အဆုံးသတ် စေနိုင်ရေးအတွက် အထွေထွေထိုးစစ်ကြီးတရပ်ပြုလုပ်သွားရန်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က မကြာသေးမီက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။