Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့လယ်တွင် “အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်” စာတန်းချိတ်ဆွဲ

ရန်ကုန်မြို့လယ် တစ်နေရာတွင် ယနေ့ (မတ်လ ၂၇) ကျရောက်သော တော်လှန်ရေးနေ့ နှစ်ပေါင်း (၈၀) ပြည့်အထိမ်းအမှတ်အနေဖြင့် Youth of Anarchy – YOA အဖွဲ့သားများမှ “အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်” စာတန်းချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဓာတ်ပုံ - YOA

မတ်-၂၇ ၊၂၀၂၅။ သုည/People’s Spring

ရန်ကုန်မြို့လယ် တစ်နေရာတွင် ယနေ့ (မတ်လ ၂၇) ကျရောက်သော တော်လှန်ရေးနေ့ နှစ်ပေါင်း (၈၀) ပြည့်အထိမ်းအမှတ်အနေဖြင့် Youth of Anarchy – YOA အဖွဲ့သားများမှ “အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်” စာတန်းချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

နှစ်ပေါင်းများစွာတိုင် အာဏာရှင်သည်သာ သခင်၊ အာဏာရှင်သည်သာ ကျေးဇူးရှင်ပုံစံမျိုးဖြင့် လုပ်သားပြည်သူတို့ အလုပ်အကျွေးပြုနေရသော အာဏာကိုဗဟိုပြုထိန်းချုပ်သော စနစ်ကို မုတ်ချပြိုလဲရမည်ဟုရည်ရွယ်၍ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း Youth of Anarchy – YOA အဖွဲ့သားများက ဆိုသည်။

YOA မှ ညီညွတ်သော၊ တရားသော၊ ဘက်မလိုက်သော နည်းလမ်းများဖြင့် အာဏာရှင်ကို အဆုံးထိ တော်လှန်လူထုများနှင့်လက်တွဲကာ အတူတကွ တိုက်ထုတ်သွားမည်ဖြစ်ကြောင်းလည်းအသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။