Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဝမ်းနည်းကြောင်း ဗြိတိန်ဘုရင် သဝဏ်လွှာထုတ်ပြန်

အင်အားပြင်းငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဝမ်းနည်းကြောင်း ဗြိတိန် တတိယမြောက် ချားလ်စ်ဘုရင်က သဝဏ်လွှာထုတ်ပြန်လိုက်ပါတယ်။

မတ် ၂၉၊ ၂၀၂၅။ People’s Spring

အင်အားပြင်းငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဝမ်းနည်းကြောင်း ဗြိတိန် တတိယမြောက် ချားလ်စ်ဘုရင်က သဝဏ်လွှာထုတ်ပြန်လိုက်ပါတယ်။

မြန်မာပြည်သူပြည်သားများအနေနဲ့ ဆင်းရဲဒုက္ခတွေ၊ ကြေကွဲဝမ်းနည်းစရာတွေကို ဆက်ပြီး ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရတာကို နားလည်ကြောင်းနဲ့ အခုလို မြန်မာပြည်သူပြည်သားများရဲ့ အလွန်ထူးခြားတဲ့ ကြံ့ကြံ့ခံနိုင်ရည်စွမ်းနဲ့ စိတ်ဓာတ်ကိုလည်း ရှေးမဆွကတည်းကပင် လေးစားရင်းစွဲရှိခဲ့ကြောင်း ချားလ်စ်ဘုရင်ရဲ့သဝဏ်လွှာမှာ ဖော်ပြပါတယ်။

“အခုလို အခက်ခဲဆုံး၊ ကြေကွဲဝမ်းနည်းဖွယ်အကောင်းဆုံးအချိန်မျိုးမှာ မိမိတို့ ချစ်မြတ်နိုးရသူများ၊ အိုးအိမ်များ၊ မြတ်နိုးတန်ဖိုးထားရတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးလိုက်ရတဲ့ အဖြစ်ဆိုးကြီးအား ကြုံတွေ့နေရသူများအားလုံးကို ကျွန်တော်တို့ဇနီးမောင်နှံက အလေးနက်ဆုံးသော ကိုယ်ချင်းစာမှုဖြင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ပြောကြားလိုပါတယ်”လို့ တတိယမြောက် ချားလ်စ်ဘုရင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် အသက်ပေါင်းများစွာ ကြေကွဲဖွယ်ဆုံးရှုံးနေရပြီး အိမ်များ၊ အဆောက်အအုံများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အထွတ်အမြတ်ထားရာ ဘုရားပုထိုးစေတီများ၊ ဘုန်းကြီးကျောင်းများနဲ့ အခြားသောဝတ်ပြုကိုးကွယ်ရာနေရာများ ဆုံးရှုံးရတာကို ကြားသိရတဲ့အတွက် ၎င်းတို့ဇနီးမောင်နှံအနေနဲ့ အလွန်အမင်း တုန်လှုပ် စိတ်မကောင်းဖြစ်မိကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။