Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်ကြောင့် ပျော်ဘွယ်မြို့နယ်၌ သေဆုံးသူ ၁၆၀ကျော်ရှိလာ

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၌ သေဆုံးသူ ၁၆၀ကျော်ရှိလာကြောင်း အဆိုပါမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

ငလျင်ကြောင့် အဆောက်အဦးပြိုကျ၍ ပိတ်မိနေသူတစ်ဦးအား ကယ်ထုတ်နေစဉ်။ ဓာတ်ပုံ - Pyawbwe Fire Services Department

မတ်-၃၀၊၂၀၂၅။ရဲခေါင်/People’s Spring

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၌ သေဆုံးသူ ၁၆၀ကျော်ရှိလာကြောင်း အဆိုပါမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ပျော်ဘွယ်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ရာ ငလျင်လှုပ်ပြီးနောက် ၃ရက်မြောက်နေ့ မတ်လ ၃၀ရက် နေ့လည် ၁နာရီခွဲအထိ သေဆုံးသူ ရုပ်အလောင်း ၁၆၂ဦး တွေ့ရှိရသည်ဟု ပျော်ဘွယ်မြို့နယ်မီးသတ်က ပြောသည်။

“မကြုံစဖူးထိန့်လန့်စရာပါပဲ။ အိမ်လုံးကျွတ်တွေပြိုတာ များတယ်။ပြီးတော့ လူအစုအဖွဲ့တွေဖြစ်တဲ့ KBZဘဏ်တို့ မြို့နယ်ခန်းမနဲ့ ဘာသာရေးအဆောက်အအုံတွေ ပြိုတာကြောင့်လည်း လူသေဆုံးမှုက များတာလို့ ပြောရမယ်”ဟု အထက်ပါတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မြို့နယ်မီးသတ်ဦးစီးဌာန၏ ရရှိထားသည့် အချက်အလက်အရ ပျော်ဘွယ်မြို့နယ်တွင် နေအိမ်အဆောက်အအုံ ၁၀၀ကျော်နှင့် ဘာသာရေးအဆောက်အအုံ ငါးခုထက်မနည်း ပြိုကျပျက်စီးထား သည်ဟု ဆိုသည်။

ပျော်ဘွယ်မြို့နယ်အနေဖြင့် ငလျင်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာသည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကိစ္စများတွင် ပူးပေါင်းပါဝင်ကူညီရန် လိုအပ်နေကြောင်းလည်း ပျော်ဘွယ်မြို့နယ်မီးသတ်က တိုက်တွန်းသည်။

မတ်လ ၂၈ ရက်က ပြင်းထန်သည့်ငလျင်ကြောင့် မတ်လ ၂၉ရက် ည ၁၀နာရီအထိ နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရသူ ၁,၆၄၄ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၃,၄၀၈ဦးနှင့် ပျောက်ဆုံးနေသူ ၁၃၉ ဦးဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

သို့သော် အဆိုပါစာရင်းအချက်သည် မြေပြင်နှင့်ကွဲလွဲဖွယ်ရှိကာ ငလျင်ဗဟိုချက်ဖြစ်သော စစ်ကိုင်းမြို့ပင် စစ်ကောင်စီက ကယ်ဆယ်ရေးမလုပ်နိုင်သေးသည်ကို တွေ့ရသည်။ စစ်ကိုင်းဒေသခံများကလည်း ကူညီမှုများ တောင်းခံနေသည်။

မြန်မာနိုင်ငံ၌ ငလျင်ကြီးကြောင့် သေဆုံးသူတစ်​​သောင်းမှ တစ်သိန်းကြားအထိရှိလာနိုင်ကြောင်း အမေရိကန် ငလျင်တိုင်းတာရေးဌာန (USGS)က ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။