Connect with us

Hi, what are you looking for?

သတင်း

တံတားဦးမှာ ငလျင်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိနေပြီး ရုပ်အလောင်းများ ထုတ်ယူနေရဆဲ

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ ငလျင်ကြောင့် သေဆုံးသူ ၁၀၀ကျော်ရှိနေပြီး ရုပ်အလောင်းများ ထုတ်ယူနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

အင်းဝမြို့ရှိ မယ်နုအုတ်ကျောင်း ပြိုကျပျက်စီးမှုများကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

▪️အင်းဝမြို့ဟောင်း သမိုင်းဝင်နေရာများ ပြိုကျပျက်စီး

မတ် ၃၁၊ ၂၀၂၅။ Scorpio/People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ ငလျင်ကြောင့် သေဆုံးသူ ၁၀၀ကျော်ရှိနေပြီး ရုပ်အလောင်းများ ထုတ်ယူနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် တံတားဦးမြို့မှာ သေဆုံးသူ ၁၀၀ကျော်ရှိနေပြီး ရုပ်အလောင်းများကို ဒီကနေ့ မတ်လ ၃၁ ရက်အထိ ထုတ်ယူနေရဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လူပေါင်း ၁၅၀ကျော်သေတယ်။ ခုထိလည်း ရုပ်အလောင်းတွေ ထုတ်မပြီးသေးပါဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခြားဒေသခံတစ်ဦးကလည်း “တံတားဦးမယ် မပြိုတဲ့တိုက် မရှိသလောက်ပဲ”လို့ ဆိုပါတယ်။

တံတားမြို့ပေါ်အပြင် မြစ်သာရွာမှာ ဗလီတက်နေကြတဲ့ အစ္စလာမ်ဘာသာဝင်များလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အင်းဝမြို့ဟောင်းရှိ သမိုင်းဝင် မယ်နုအုတ်ကျောင်းအပါအဝင် ရှေးဟောင်းသမိုင်းဝင် နေရာများ၊ စေတီပုထိုးများ အများအပြား ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းဝအနီး ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းပေါ်မှာရှိတဲ့ ဒုဌဝတီတံတားလည်း ပျက်စီးသွားတာကြောင့် အင်းဝကို ပလိပ်ဘက်ကနေ သွားမှသာ ရောက်နိုင်တယ်လို့ သိရပါတယ်။

အကူအညီများလည်း လိုအပ်နေဆဲဖြစ်ပြီး သောက်သုံးရေကအစ ခက်ခဲနေကြောင်း ဒေသခံများက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။