Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် လူသေဆုံးမှုများသော အင်းလေးဒေသကို စစ်ကောင်စီအဖွဲ့က ဒရုန်း၊လက်နက်ကြီးများဖြင့် နှစ်ရက်ဆက် ပစ်ခတ်နေ

ငလျင်ဒဏ်ကြောင့် လူသေဆုံးမှုများစွာရှိနေသော အင်းလေးဒေသကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့တို့က ဒရုန်း၊လက်နက်ကြီးများဖြင့် နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အင်းလေးဒေသကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့တို့က ဒရုန်း၊လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Human Right of Inle Region

ဧပြီ ၁၊၂၀၂၅။ရဲခေါင်/People’s Spring

ငလျင်ဒဏ်ကြောင့် လူသေဆုံးမှုများစွာရှိနေသော အင်းလေးဒေသကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့တို့က ဒရုန်း၊လက်နက်ကြီးများဖြင့် နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီပူးပေါင်းအဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လ ၃၀ ရက်ညနေ ၆ နာရီအချိန်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတောင်ဖက်ခြမ်းရှိ ဘုရား‌တောင်ကျေးရွာကို ဒရုန်း၊ လက်နက်ကြီး ဖြင့် ၆ကြိမ် ပစ်ခတ်ခဲ့သည်ဟု အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က အသိပေးသည်။

ထို့အပြင် ယမန်နေ့(မတ်လ ၃၁ ရက်)ကလည်း နံနက် ၆ နာရီမှ ည ၆နာရီထိ တနေကုန် လက်နက်ကြီး၊ ဒရုန်းဖြင့် ၈ကြိမ် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

နှစ်ရက်ဆက်တိုက်ခိုက်မှုကြောင့် ဘုရားတောင်နှင့်ရေပူကျေးရွာတို့မှ နေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့ရသည်။

“ပြည်သူတွေ စစ်ဘေးကြောင့်တိမ်းရှောင်နေရ ဒီကြားထဲ စစ်မှုထမ်းနဲ့ အဓမ္မဆက်ကြေးကောက်နေဒါတွေကြောင့် ဒုက္ခရောက်နေပြီး ယခုငလျှင်ဘေးပါလူသေဆုံးတဲ့အထိ ခံစားနေရချိန် စကစနဲ့PNO၊PNAတွေက လက်နက်ကြီး Drop Drone နဲ့ ကျူးကျော်တိုက်ခိုက်နေတာကိုတော့ ဘယ်လိုမှလက်ခံနိုင်စရာမရှိဘူး”ဟု အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)မှ ပြောရေးဆိုခွင့်ရှိသူ ကိုအင်းသွေးနီက လူထုနွေဦးသို့ ပြောသည်။

အင်အားပြင်းငလျင်လှုပ်ခတ်အပြီး နာရီပိုင်းအကြာမှာပင် နိုင်ငံတစ်ဝန်း အရပ်သားပစ်မှတ်များပါမချန် လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီအား နိုင်ငံတကာအနေဖြင့် အလေးထားစောင့်ကြည့်အရေးယူသင့်ကြောင်းလည်း ၎င်းက တိုက်တွန်းသည်။

မတ်လ ၂၈ရက်က အင်အားပြင်းငလျင်ကြောင့် ပြည်သူများထိခိုက်သေဆုံးမှုများစွာရှိနေ၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ နှစ်ပတ်ကြာ ထိုးစစ်ရပ်မည့် ကြေညာချက်နှင့်အတူ IPDF သည် ယခုရောက်သည့်နေရာမှာပင် စစ်ကိုရပ်မည်ဟု မတ်လ ၃၀ရက်တွင် ကြေညာထားသည်။

ငလျင်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေဒေသတွင် လူဦးရေ ၉၀နီးပါး၏ ရုပ်အလောင်းများ တွေ့ရှိထားပြီး ငလျင်ဒဏ်သက်ရောက်ခဲ့သည့် ကျေးရွာ ၁၉ ရွာရှိပြီး အိမ်ခြေ ၂,၃၃၇လုံး ပျက်စီးမှုရှိကြောင်း အင်းလေးဒေသလူမှုကူညီရေးအသင်းအချို့ထံမှ သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ အရှိန်မြင့်လာမှာ ဖြစ်တာကြောင့် ရုရှား လေပိုင်နက်ကို ရှောင်ကြဖို့ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

ဒရုန်း ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် ဖင်လန်နိုင်ငံမှာ ဆွီဒင်ရဲ့ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။