Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်ကြောင့် ရန်ကုန်-မန္တလေးရထားပြေးဆွဲမှု ယာယီရပ်‌နားထား

ငလျင်ဒဏ်ကြောင့် မီးရထားလမ်းများ ပျက်စီးခဲ့၍ ရန်ကုန်-မန္တလေးခရီးစဉ်ကို ယာယီရပ်နားထားကြောင်း မီးရထားဝန်ထမ်းတစ်ဦးကပြောသည်။

ဓာတ်ပုံ- CJ

ဧပြီ-၁၊ ၂၀၂၅။ရောင်နီ / People’s Spring

ငလျင်ဒဏ်ကြောင့် မီးရထားလမ်းများ ပျက်စီးခဲ့၍ ရန်ကုန်-မန္တလေးခရီးစဉ်ကို ယာယီရပ်နားထားကြောင်း မီးရထားဝန်ထမ်းတစ်ဦးကပြောသည်။

“ထွက်မယ့်ရက်မသိရသေးပါဘူး။ နေ့တိုင်းဖုန်းဆက်မေးပါ” ဟု ရန်ကုန်ဘူတာကြီး မှဝန်ထမ်းတစ်ဦးကပြောသည်။

ရန်ကုန်-မန္တလေးခရီးစဉ် ယာယီရပ်နားထားကြောင်း ဘူတာကြီး ကြိုတင်လက်မှတ်အရောင်းဌာန၌ ကြေညာထားသည်ဟု ခရီးသွားတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“မထွက်နိုင်လောက်သေးဘူး ပျော်ဘွယ်မှာတင် သံလမ်းတွေက ကွေ့ကောက်ကုန်တာ” ဟု ခရီးသွားတစ်ဦးကပြောသည်။

ငလျင်လှုပ်ခဲ့သည့် မတ်လ ၂၈ ရက်တွင် ရထားသံလမ်းများ ကွေ့ကောက်သွားသည့် အကြောင်းကို ဒေသခံများက ဗီဒီယိုများတင်ထားကြသည်။

ယခင်က ရက်ကြိုရောင်းချထားသည့် လက်မှတ်များကို ခရီးသွားမည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ပြီး ရက်ကျော်ပါက ပြန်အမ်းငွေ ထုတ်မပေးကြောင်း အထက်ပါမီးရထားဝန်ထမ်းကပြောသည်။

မတ်လ ၃၀ ရက်ရထားလက်မှတ်ဝယ်ထားသူတစ်ဦး ဧပြီ ၁ ရက်တွင် လက်မှတ်ဖိုးငွေပြန်ထုတ်ရာ ထုတ်မ‌ရကြောင်း နှင့် အထက်ညွှန်ကြားထားခြင်းဖြစ်သည်ဟု ပြောကြားကြောင်း လက်မှတ်ဖိုး ဆုံးခဲ့သည့် ခရီးသွားတစ်ဦးက ဖေ့စ်ဘွတ်၌ ရင်ဖွင့်ထားသည်။

ယခင်က ရန်ကုန်မှ မန္တလေးသို့ နေ့စဉ် ၁၁ အဆန်၊ ၁ အဆန် နှင့် အဆန်အထူးရထားများထွက်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။