Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးကူညီလာသည့် တရုတ်ကြက်ခြေနီ အသင်းယာဉ်တန်းကို စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်

ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံကြက်ခြေနီအသင်းယာဉ်တန်းအား စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံကြက်ခြေနီ အသင်းယာဉ်တန်းမှ ကားအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဧပြီ၁၊၂၀၂၅။ ခွာညို/People’s Spring

ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံကြက်ခြေနီအသင်းယာဉ်တန်းအား စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၁၇က်) ညနေ၉နာရီခွဲအချိန်တွင် တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာ ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်း(၉)စီးသည် မန္တလေးမြို့သို့ ခရီးဆက်ရာတွင် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဟု ထုတ်ပြန်ထားသည်။

အဆိုပါ ယာဉ်တန်းသည် မန္တလေးမြို့သို့ ခရီးဆက်သွားမည့်အကြောင်းကိုလည်း စစ်ကောင်စီထံ သတင်းပေးပို့ခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ လမ်းခရီးတွင် ပစ်ခတ်ခံခဲ့ရပြီး နောင်ချိုမြို့သို့ ပြည်လှည့်ခဲ့ရသည်ဟု TNLAက ထုတ်ပြန် အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယာဉ်တန်းအား ကာကွယ်စောင့်ရှောက်ပေးထားပြီး ၎င်းတို့လိုရာခရီးကို ဆက်လက်ပို့ဆောင်သွားမည်ဟု TNLA က ထုတ်ပြန်ထားသည်။

AA၊MNDAAနှင့် TNLAပါဝင်သည့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံး ထိရောက်စွာဆောင်ရွက်နိုင်ရန် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ယနေ့ (ဧပြီလ ၁ရက်) ညနေ၌ ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ငလျင်နောက်ဆက်တွဲအခြေအနေများကို အလေးအနက်ထား စောင့်ကြည့်လေ့လာပြီးနောက် ငလျင်ဒဏ်သင့်မြို့များတွင် အရေးပေါ် ကူညီကယ်ဆယ်ရေး၊ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိနေကြသော ပြည်တွင်း၊ ပြည်ပ ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများ စိတ်လက် ကြည်သာစွာ လုပ်ကိုင်နိုင်ကြစေရန်နှင့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် အရေးတကြီးနှင့် အရေးပေါ်ချက်ချင်း လိုအပ်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အမြန်ဆုံး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် အထူးလိုလားသည်ဟု ထုတ်ပြန်သည်။

ငလျင်ဒဏ်သင့် လူထုညီကယ်ဆယ်ရေးအတွက် ယာယီအပစ်ရပ်မည်ဟု NUGနှင့် တော်လှန်ရေးတပ်များက ကြေညာချက်ထုတ်ပြန်၍ကမ်းလှမ်းထားသော်လည်း စစ်ကောင်စီဘက်ကလက်မခံဘဲ လုံခြုံရေးအကြောင်းပြထားကာ ဆက်လက်တိုက်ခိုက်မည်ဟု ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။