Connect with us

Hi, what are you looking for?

သတင်း

အင်အားပြင်းငလျင်လှုပ်မည်ဟု ကောလာဟလကြောင့် တောင်ကြီးမြို့တွင် ရုတ်ရုတ်သဲသဲဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယနေ့(ဧပြီ ၂ရက်) နေ့လည်ပိုင်းက အင်အားပြင်းငလျင်လှုပ်မည်ဟု ကောလာဟလများပျံ့နှံ့နေပြီး ရုံးဌာနများနှင့် စျေးဆိုင်များပိတ်သွားပြီး အထပ်မြင့် အဆောက်အအုံများရှိ ဒေသခံများလည်း လမ်းမများပေါ် ထွက်နေကြသည်ဟု သညမြို့ခံများက ပြောသည်။

တောင်ကြီးမြို့တွင် စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော မြို့ခံများအား စစ်တပ်နှင့် ရဲများက ပစ်ခတ်နေသည်ကို ၂၀၂၁ မတ်လက တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၂၊၂၀၂၅။စိုင်းနန်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယနေ့(ဧပြီ ၂ရက်) နေ့လည်ပိုင်းက အင်အားပြင်းငလျင်လှုပ်မည်ဟု ကောလာဟလများပျံ့နှံ့နေပြီး ရုံးဌာနများနှင့် စျေးဆိုင်များပိတ်သွားပြီး အထပ်မြင့် အဆောက်အအုံများရှိ ဒေသခံများလည်း လမ်းမများပေါ် ထွက်နေကြသည်ဟု သညမြို့ခံများက ပြောသည်။

” ဘယ်ကနေဘယ်လိုဖြန့်လိုက်လဲမသိဘူး။ ငလျင်လှုပ်တော့မယ်ဆိုပြီးတော့ ပြောဆိုနေကြပြီး အိမ်တွေထဲကနေထွက်ပြေးလာကြတယ်။ ဘဏ်တွေပါပိတ်ပစ်တာ နှစ်နာရီကတည်းက”ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။

မတ်လ ၂၈ရက်က မန္တလေးမြို့ကိုဗဟိုပြု၍ ပြင်းအားရစ်ခ်ျတာစကေး ၇ဒဿမ၇အဆင့်ဖြင့် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မြို့နယ်အချို့တွင် နောက်ဆက်တွဲငလျင်များ ထပ်လှုပ်နေချိန်၌ ငလျင်ကြီးများ ထပ်လှုပ်မည်ဟု ကောလာဟလများ ထွက်နေသည်။

Public Service Announcement

Public Service Announcement

ငလျင်သည် ကြိုတင်ခံမှန်း၍ရသည့်သဘာဝဘေးမျိုးမဟုတ်သော်လည်း မြေပြင်၌ကယ်ဆယ်ရေးလုပ်နေသူအချို့ကိုယ်တိုင် အဆိုပါကောလဟလကို ဖြန့်ဝေနေသည်။

ယနေ့တွင်လည်း မကြာမီ ငလျင်ကြီးလှုပ်မည်ဖြစ်၍ သတိထားနေကြရန် သတိပေးချက်ရရှိထား၍ ကယ်ဆယ်ရေးလုပ်ငန်းများ ယာယီရပ်နားထားကြောင်း လူမှုရေးအဖွဲ့ဝင်တစ်ဦးက လူမှုကွန်ရက်ပေါ်တင်ရာမှ ယင်းကောလာဟလ ပျံ့နေခြင်းဖြစ်သည်။

” စိုးရိမ်တာက စိုးရိမ်ရတာပဲ။ ဒါပေမဲ့လူထုထိတ်လန့်အောင်တော့ အရမ်းကာရောလျှောက်မပြောသင့်ဘူး။ အခုက သတင်းအမှားတွေတော်တော်ကိုအခြေအနေဆိုးဆိုး ဖန်တီးနေသလိုဖြစ်နေတယ်” ဟု ဘူမိဗေဒဆိုင်ရာကျွမ်းကျင်သူတစ်ဦးက ပြောသည်။

အဆိုပါကောလာဟလသည် စစ်ကောင်စီတပ်ရင်းများအတွင်းလည်း အလွန်ပျံ့နှံ့နေသည်။

” အင်အားပြင်း ငလျင်လှုပ်မယ်လို့ တပ်ထဲမှာသတင်းတွေထွက်နေလို့ ကြောက်နေရတယ်”ဟု တပ်မိသားစုဝင်တစ်ဦးက ပြောသည်။

ကောလဟာလများ ရည်ရွယ်ချက်ရှိရှိထုတ်လွှင့်၍ လုယက်မှုများကျူးလွန်နိုင်ခြေရှိကြောင်း အတွေ့အကြုံရင့် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ကလည်း သတိပေးသည်။

မတ်လ ၂၉ရက် နံနက်ဝေလီဝေလင်းကလည်း ရန်ကုန်မြို့တွင် ငလျင်လှုပ်မည်ဟုကောလာဟလများ ထွက်ပေါ်ခဲ့ပြီး အထက်မြင့် အဆောက်အအုံများ၌နေထိုင်သူများသည် လမ်းပေါ်သို့ထွက်လာကြ၍ ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။

မတ်လ ၂၈ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်မှ မြို့နယ်အချို့တွင် နောက်ဆက်တွဲငလျင်များ အကြိမ် ၂၀၀ နီးပါး လှုပ်ခတ်ခဲ့သည်။ လက်ရှိအခြေအနေကြောင့် ငလျင်အန္တရာယ်ကို သတိပြုရန်လိုအပ်နေပြီး လူထုအထိတ်တလန့်ဖြစ်စေမည့် ကောလာဟလများ၊ သတင်းမှားများဖြန့်ဝေခြင်းမပြုကြရန် ဘူမိဗေဒဆိုင်ရာကျွမ်းကျင်သူများက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။