Connect with us

Hi, what are you looking for?

သတင်း

ငလျင်သင့် အညာနဲ့မြေလတ်အပေါ်တောင်ပေါ်မြို့လေးဆီက စီးဆင်းသောမေတ္တာ

ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပူတာအိုPDF)က ငလျင်ဘေးသင့်ပြည်သူများအားထောက်ပံ့ကူညီရန်ဒေသတွင်း၌လိုက်၍အလှူခံခဲ့ပြီး ငလျင်သင့်​ဒေသများသို့လှူဒါန်းသွားရန် စီစဉ်နေသည်။

ပူတာအို PDF မှတပ်ဖွဲ့ဝင်များက ငလျင်သင့်ပြည်သူများအတွက် အကူအညီ​ပေးအပ်ရန် အလှူ​ငွေ​ကောက်ခံ​နေစဥ်။ ဓါတ်ပုံ-ပူတာအိုPDF

ဧပြီ-၂၊၂၀၂၅။စိုင်းနန်/People’s Spring

ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပူတာအိုPDF)က ငလျင်ဘေးသင့်ပြည်သူများအားထောက်ပံ့ကူညီရန်ဒေသတွင်း၌လိုက်၍အလှူခံခဲ့ပြီး ငလျင်သင့်​ဒေသများသို့လှူဒါန်းသွားရန် စီစဉ်နေသည်။

တော်လှန်နယ်မြေတောင်ပေါ်မြို့တွင် မြန်မာပြည်အလယ်ပိုင်း ငလျင်ဘေးကြုံပြည်သူတွေအတွက် အလှူခံနေကြောင်း ပူတာအို PDFက အသိပေးထားသည်။အလှူခံရရှိသည့် ငွေများတွင်PDF ရဲဘော် ၊ရဲမယ် များ၏ရှိစုမယ့်စုမုန့်ဖိုးလည်းပါဝင်သည်။

“အနည်းအများအဓိက မဟုတ်ဘူး။ကိုယ်ချင်းစာတရားဆိုတဲ့ လူသားဆန်မှုကို ဒီဘက်ခေတ်ကလေးတွေမှာ ပိုတွေ့လာရလို့မျက်ရည်ပါကျမိတယ် ”ဟု PDF ခေါင်းဆောင်တစ်ဦးက ပြောဆိုကြောင်း တောင်ပေါ်မြေမှတော်လှန်ရေးစာမျက်နှာတစ်ခုက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၈ရက် မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်ကလှုပ်ခတ်​သော ငလျင်ကြီး​ကြောင့်ပြည်သူ​ထောင်ချီ​သေဆုံးပြီး ၊ ​ထောင်နှင့်ချီ​သောပြည်သူများ ​ပြိုကျ​သောအ​ဆောက်အအုံများ​အောက်တွင် ပိတ်မိ​နေဆဲဖြစ်သည်။ ငလျင်ကြီး​ကြောင့်ပျက်စီး​သောဧရိယာ ကြီးမားကျယ်ပြန်လွန်းသဖြင့် ကယ်ဆယ်​ရေးမလုပ်နိုင်​သော​နေရာအများအပြားရှိ​နေသည်။နိုင်ငံတကာမှ ကယ်ဆယ်​ရေးအဖွဲ့များ​ရောက်သည်ဆိုသည့်တိုင် ငလျင်သင့်ပြည်သူအများစုမှ ကိုယ်

ထူကိုယ်ထကူညီ​နေကြရ​ကြောင်းငလျင်သင့်ပြည်သူများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။