Connect with us

Hi, what are you looking for?

သတင်း

ဖျာပုံမြို့အနီးပင်လယ်ပြင်ဗဟိုပြုငလျင်လှုပ်

ဖျာပုံမြို့အနီး မြန်မာပင်လယ်ပြင်အတွင်းဗဟိုပြု၍ ရစ်ခ်ျတာစကေး၅ အဆင့်ရှိ‌သော ငလျင်တခု ယနေ့ ဧပြီ ၂ရက် ည ၁၀နာရီ ၅၇မိနစ်၌ လှုပ်ခတ်သွားပြီး ဧရာဝတီတိုင်းမြို့နယ်အချို့အပြင် ရန်ကုန်မြို့၌လည်း လှုပ်ရှားမှုရှိခဲ့သည်။

“ပုသိမ်လှုပ်တယ်။ ဖျာပုံလည်းလှုပ်တယ်။ မအူပင်လည်းလှုပ်တယ်။ သိသာသွားတယ်”-​ဒေသခံ

ဧပြီ-၂ ၊၂၀၂၅။စိုင်းနန်/People’s Spring

ဖျာပုံမြို့အနီး မြန်မာပင်လယ်ပြင်အတွင်းဗဟိုပြု၍ ရစ်ခ်ျတာစကေး၅ အဆင့်ရှိ‌သော ငလျင်တခု ယနေ့ ဧပြီ ၂ရက် ည ၁၀နာရီ ၅၇မိနစ်၌ လှုပ်ခတ်သွားပြီး ဧရာဝတီတိုင်းမြို့နယ်အချို့အပြင် ရန်ကုန်မြို့၌လည်း လှုပ်ရှားမှုရှိခဲ့သည်။

“ပုသိမ်လှုပ်တယ်။ ဖျာပုံလည်းလှုပ်တယ်။ မအူပင်လည်းလှုပ်တယ်။ သိသာသွားတယ်” ဟု ပုသိမ်မြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ ည၁၀နာရီ ၅၇မိနစ်အချိန်ခန့်တွင် ဧရာဝတီတိုင်း၊ ဖျာပုံမြို့တောင်ဘက်၈၆ကီလိုမီတာ ( ၅၃ မိုင်​ကျော်) အကွာ၊ ကပ္ပလီပင်လယ်ပြင်တွင် မြေအောက်အနက် ၁၀ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅.၀ အဆင့်နှင့် အတော်အသင့်အင်အားရှိသည့် မြေငလျှင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့‌ပြီး စစ်ကိုင်းငလျင်ကြီး၏နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး

အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိ ပေးထားသည်။

အ​မေရီကန် ငလျင်တိုင်းတာ​ရေးဌာန (USGS)ကလည်း ဖျာပုံမြို့၏ ​တောင်ဘက် ၈၆ ကီလိုမီတာကိုဗဟိုပြု၍ ပြင်းအား ၅ ရှိ​သော ​ဇောက်တိမ်ငလျင်လှုပ်သွား​ကြောင်းထုတိပြန်ထားသည်။

ဧပြီ ၂ ရက်ည ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့တွင်လည်း ခံစားလိုက်ရသည်ဟု မြို့ခံအချို့ကပြောသည်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီးဗဟိုပြု၍ လှုပ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇ဒဿမ၇ အဆင့်ငလျင်လှုပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့တွင် နောက်ဆက်တွဲငလျင်များ မကြာခဏလှုပ်ရှားနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။