Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ပုသိမ်ကြီးဘက်မှာ နေအိမ်နဲ့ခြံ ဌားရမ်းသူများပြား၊ အိမ်ငှားစျေးနှုန်း တွေ ငလျင်မတိုင်ခင်ကထက် မြင့်တက်သွား

မန္တလေးမြို့ပေါ်မှာငလျင်ဒဏ်သင့်ပြီးနောက် ပုသိမ်ကြီးမြို့နယ် ထဲ ပြောင်းရွှေ့နေထိုင်ကြသူတွေများတာကြောင့် နေအိမ်တွေ၊ခြံတွေ ဌားရမ်းသူများလာတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

ဓာတ်ပုံ - Maxar Technologies

ဧပြီ – ၃ ၊ ၂၀၂၅ /People’s Spring

မန္တလေးမြို့ပေါ်မှာ ငလျင်ဒဏ်သင့်ပြီးနောက် ပုသိမ်ကြီးမြို့နယ် ထဲ ပြောင်းရွှေ့နေထိုင်ကြသူတွေများတာကြောင့် နေအိမ်တွေ၊ခြံတွေ ဌားရမ်းသူများလာတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

ပုသိမ်ကြီးဟာ မန္တလေးခရိုင်ထဲက မြို့နယ်တစ်ခု ဖြစ်ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု နည်းပါးတဲ့ မြို့ဖြစ်ပါတယ်။

မြို့ပေါ်မှာ နေအိမ်တွေထိခိုက်ပျက်စီးသွားလို့ နေမရသူတွေ၊ နောက်ဆက် တွဲ ငလျင်ကိုစိုးရိမ်ကြသူတွေဟာ ပုသိမ်ကြီးဘက်က ကျေးရွာတွေမှာ ယာယီနေဖို့ ဌားရမ်းလာကြတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ပုသိမ်ကြီးမြို့နယ်ထဲက လက်ကောင်း၊ သုံးအိမ်၊ ကျောက်မီး၊ ငွေတောင်၊ မြို့တော၊ တံတိုင်းရှည်၊ ကုလားကြီးခြံ၊ အုန်းချော စတဲ့ကျေးရွာတွေမှာ ခြံအများစုရှိတဲ့အတွက် လိုက်လံငှားရမ်းနေတာလို့ဆိုပါတယ်။

အိမ်ငှားစျေးနှုန်းကလည်း ယခင်ကထက် ထက်ဝက်မြင့်တက်သွားတယ်လို့သိရပါတယ်။

ငလျင်မလှုပ်ခင်က တစ်လ ဌားရမ်းခ ကျပ်တစ်သိန်းခွဲ ကနေ အခုအခါမှာ ကျပ်သုံးသိန်း လောက် စျေးတက်သွားတာပါ။

ငွေကြေးတတ်နိုင်သူတွေကတော့မန္တလေးကနေ ပြင်ဦးလွင်ဘက် ပြောင်းရွှေ့နေထိုင်ကြပါတယ်။

ဒါပေမယ့် မန္တလေး မြို့ခံအများစုဟာ နေအိမ်ပျက်စီးဆုံးရှုံးတာ ၊ အထပ်မြင့်အဆောက်အဦးတွေမှာ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှာ စိုးရိမ်လို့ တက်မနေရဲတော့ဘဲ လမ်းတွေပေါ်မှာ ၊ ပလက်ဖောင်းတွေပေါ်မှာ ပူပြင်းလှတဲ့နေ့အပူရှိန်အောက်မှာ အဆင်သင့်သလို နေထိုင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။