Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်ခံရသောအဆောက်အအုံများ စိစစ်ရာတွင် လူနေထိုင်မှု ရ၊မရသာ အဓိကစစ်ဆေးမည်ဟုဆို

မန္တလေးနှင့် နေပြည်တော်ရှိ ငလျင်ဒဏ်ခံခဲ့ရသောအဆောက်အအုံများ စိစစ်ရာတွင် စံချိန်စံညွှန်းသုံးသပ်ချက်မပါဝင်ဘဲ လူနေထိုင်မှု ရ၊မရသာ အဓိကစစ်ဆေးမည်ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့၌ ငလျင်လှုပ်ခတ်အပြီး နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

ဧပြီ ၅၊၂၀၂၅။ရဲခေါင်/People’s Spring

မန္တလေးနှင့် နေပြည်တော်ရှိ ငလျင်ဒဏ်ခံခဲ့ရသောအဆောက်အအုံများ စိစစ်ရာတွင် စံချိန်စံညွှန်းသုံးသပ်ချက်မပါဝင်ဘဲ လူနေထိုင်မှု ရ၊မရသာ အဓိကစစ်ဆေးမည်ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ငလျင်ဒဏ်ခံခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကို စနစ်တကျစစ်ဆေးစိစစ်မှုများ အမြန်ဆုံး ဆောင်ရွက်မည်ဖြစ်ပြီး လုပ်အားပေးလိုသည့် အင်ဂျင်နီယာများကိုလည်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်က ခေါ်ဆိုထားသည်။

“လုပ်ငန်းကတော့ မစနိုင်သေးဘူး။စိစစ်မယ့် လုပ်ငန်းစတော့မယ်ဆိုရင်တော့ ကြေညာမယ်”ဟု အထက်ပါတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လုပ်ငန်းပမာဏအလွန်ကြီးမားသည့်အတွက် စိစစ်မှုဆောင်ရွက်နိုင်ရန် လုပ်အားပေးအင်ဂျင်နီယာများ၏ အကူအညီအထူးလိုအပ်လျက်ရှိကြောင်းလည်း အသိပေးထားသည်။

နေပြည်တော်၊ မန္တလေးမြို့နှင့် အခြားမြို့ကြီးများတွင် ငလျင်ဒဏ်သင့် အဆောက်အအုံများကို မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်က ကနဦး ထုတ်ပြန်ထားသည်။

မတ်လ ၂၈ရက်ကလှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကို စစ်ကိုင်း၊မန္တလေး၊နေပြည်တော်၊ရှမ်းပြည်တောင်ပိုင်းနှင့် ပဲခူးတိုင်းတို့တွင် ခံစားခဲ့ရပြီး ပြည်သူ ၃,၀၀၀ကျော်သေဆုံးကာ ပျောက်ဆုံးသူ ရာနှင့်ချီရှိနေသည်။

ဧပြီ ၁ရက်တွင် ကုလသမဂ္ဂလူသားချင်းစာနာထား​ထောက်မှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏ အစီရင်ခံစာအရ ငလျင်ဒဏ်ကြောင့် အိမ်ခြေ ၂၁,၇၈၃လုံး ထိခိုက်ပျက်စီးခဲ့ပြီး အဆောက်အအုံ ၁၅,၁၁၄လုံး ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

ဆိုးရွားသောငလျင်နှင့်အတူ နောက်ဆက်တွဲငလျင် လှုပ်ခတ်မှုများကြောင့် မန္တလေးနှင့် စစ်ကိုင်းတိုင်းရှိပြည်သူများမှာ လမ်းဘေး ပလက်ဖောင်းများတွင် အိပ်စက်နေရပြီး စစ်ကောင်စီ၏ အကူအညီ လိုအပ်ချက်များ ကောင်းစွာမရရှိကြောင်း ငလျင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူအချို့က ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။