Connect with us

Hi, what are you looking for?

သတင်း

ကျုံးအနောက်ခြမ်းက ငလျင်ရှောင်ပြည်သူတွေကို ညတွင်းချင်း နေရာပြောင်းရွှေ့

မန္တလေးကျုံး အနောက်ဘက်ခြမ်းရှိ ကျုံးဘေးလမ်းပလက်ဖောင်းပေါ် ယာယီနေထိုင်နေကြတဲ့ငလျင်ဘေးသင့်ပြည်သူတွေကို မနေ့ (ဧပြီ ၅ ) ညပိုင်း က အပြီးသတ်ပြောင်းရွေ့ခိုင်းခဲ့တယ်လို့ ငလျင်ရှောင်ပြည်သူတွေထံကနေသိရပါတယ်။

ကျုံးအနောက်ခြမ်း တစ်နေရာကိုတွေ့ရပုံ ဓာတ်ပုံ - Screen Grab

ဧပြီ – ၆ ၊ ၂၀၂၅ ၊ဆိုင်းမင်း /People’s Spring

မန္တလေးကျုံး အနောက်ဘက်ခြမ်းရှိ ကျုံးဘေးလမ်းပလက်ဖောင်းပေါ် ယာယီနေထိုင်နေကြတဲ့ ငလျင်ဘေးသင့်ပြည်သူတွေကို မနေ့ (ဧပြီ ၅ ) ညပိုင်း က အပြီးသတ်ပြောင်းရွေ့ခိုင်းခဲ့တယ်လို့ ငလျင်ရှောင်ပြည်သူတွေထံကနေသိရပါတယ်။

မနေ့ ညပိုင်းမှာတင် ကျုံးမြောက်ဘက်ခြမ်း အောင်မြေသာစံမြို့နယ် ၁၂လမ်းနဲ့ ၆၆လမ်းထောင့်ရှိ သုဓမ္မာဇရပ်တန်းနဲ့ ကုသိုလ်တော် ဘုရား နေရာတွေကို ပြောင်းရွေ့ခိုင်းတာလို့ သိရပါတယ်။

“ညတွင်းချင်း အပြီးပြောင်းခိုင်းတာ”လို့ ကျုံးအနောက်ဘက်ခြမ်းမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ညပိုင်းကမန္တလေးမှာ မိုးသည်းပြီး လေပြင်းတိုက်ပြီးနောက် ကျုံးအနောက်ခြမ်းမှာ နေထိုင်နေကြတဲ့ ပြည်သူတွေကို ချက်ချင်းပြောင်းရွေ့ခိုင်းတာလို့ ဆိုပါတယ်။

မိုးနဲ့လေကြောင့် ငလျင်ဒဏ်သင့်ပြည်သူတွေဟာ နေထိုင်ရေးအတွက် ကြီးမားတဲ့အခက်အခဲကို ကြုံခဲ့ရတာပါ။

ဒီမနက်မှာတော့ ကျုံးအနောက်ခြမ်းတလျောက်လုံး ငလျင်သင့်ပြည်သူတွေ နေထိုင်တာ မတွေ့ရတော့ဘဲ ကျုံးတောင်ဘက်မှာပဲ ယာယီရွက်ဖျင်တဲ ၁၀ လုံးခန့်သာကျန်ရှိတာတွေ့ရပါတယ်။

ကျုံးအနောက်ခြမ်းမှာ လာရောက်နေထိုင်သူတွေဟာ ငလျင်ကြောင့် နေအိမ်အဆောက်အအုံပြိုပျက်သွားသူတွေ ၊ နောက်ဆက်တွဲ ငလျင်တွေကို စိုးရိမ်ကြသူတွေဖြစ်ပါတယ်။

မှတ်ချက် – သတင်းကိုဒီမနက် ၁၀ နာရီခွဲအချိန်မှာပြင်ဆင်ဖြည့်စွက်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။