Connect with us

Hi, what are you looking for?

သတင်း

ကနေဒါက မြန်မာငလျင်ဘေးအတွက် ဒေါ်လာ ၁၀သန်းနီးပါး ပံ့ပိုးကူညီမည်

ကနေဒါနိုင်ငံက မြန်မာနိုင်ငံ ငလျင်ဘေးအတွက် လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ ၉.၇၅သန်းပေးအပ်သွားမည်ဟု ရန်ကုန်မြို့ ကနေဒါသံရုံးက ယနေ့ အသိပေးသည်။

ရစ်ချ်တာစကေး ၇.၇အဆင့်ရှိ ငလျင်ကြောင့် မန္တလေးမြို့ရှိ အထပ်မြင့်လူနေအိမ် ပြိုကျပျက်စီးနေမှုအား တွေ့ရစဥ်။ ဓာတ်ပုံ - AFP

■ကူညီထောက်ပံ့မှုကို စစ်ကောင်စီမှတဆင့် စီးဆင်းစေမည်မဟုတ်

ဧပြီ ၇၊ ၂၀၂၅။ အီယိုရီ/People’s Spring

ကနေဒါနိုင်ငံက မြန်မာနိုင်ငံ ငလျင်ဘေးအတွက် လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ ၉.၇၅သန်းပေးအပ်သွားမည်ဟု ရန်ကုန်မြို့ ကနေဒါသံရုံးက ယနေ့ အသိပေးသည်။

ကနေဒါ၏ အထက်ပါကူညီထောက်ပံ့မှုသည် အာဏာသိမ်းစစ်ကောင်စီမှတဆင့် စီးဆင်းမည်မဟုတ်ဘဲ နိုင်ငံတကာကြက်ခြေနီအဖွဲ့ချုပ်နှင့် လခြမ်းနီအသင်းအဖွဲ့များအားထောက်ပံ့ရန် ကနေဒါကြက်ခြေနီအဖွဲ့ကို ဒေါ်လာ ၄သန်း၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်ကို ဒေါ်လာ ၂သန်း၊ မြန်မာနိုင်ငံလူသားချင်းစာနာမှုရန်ပုံငွေအား ထောက်ပံ့ရန် ကုလသမဂ္ဂ လူသားချင်းစာနာမှညှိနှိုင်းရေးမှူးရုံးကို ဒေါ်လာ ၂သန်းနှင့် ကနေဒါ လူသားချင်းစာနာမှုအထောက်အကူပြုရေးရန်ပုံငွေမှတဆင့် လူသားချင်းစာနာမှုမဟာမိတ်အဖွဲ့များနှင့် ၎င်း၏ အဖွဲ့ဝင်များကို ဒေါ်လာ ၁.၇၅ သန်း ပေးအပ်သွားမည်ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၄ရက်တွင် အသေးစိတ်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လူပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့ပြီး အခြေခံ အဆောက်အဦများကို ဖျက်ဆီးခဲ့သည့် မြေငလျင်ကို တုံ့ပြန်သည့် အနေဖြင့် ကနေဒါနိုင်ငံက ယခုကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို အရေးပေါ် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်း၊ အမိုးအကာ၊ အစားအသောက်နှင့် အခြား အရေးပေါ်ပစ္စည်းများ ပေးအပ်ခြင်းတို့တွင် အသုံးပြုသွားဟုလည်း ကနေဒါက အသိပေးသည်။

ပြီးခဲ့တဲ့ မတ်လ ၂၈ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံတွင် ယခင်ရှိခဲ့ပြီးသော လူသားချင်စာနာမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပြီး ငလျင်မလှုပ်ခတ်မီကပင် မြန်မာပြည်သူ သန်း ၂၀ နီးပါးမှာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂက ဆိုသည်။

ကနေဒါသည် မြေပြင်တွင် လုပ်ငန်းလည်ပတ်စွမ်းဆောင်နိုင်စွမ်းရှိသည့် အတွေ့အကြုံရှိပြီး ယုံကြည်စိတ်ချရသော လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများမှတဆင့် လိုအပ်ချက်များအပေါ်အခြေခံ၍ လူသားချင်းစာနာမှုအကူအညီများကို ပေးအပ်ခြင်းဖြစ်ကြောင်း ထပ်မံအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။