Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးကြုံနေချိန် မိုးနှင့် လေပြင်းဘေး NUG သတိပေး

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ငလျင်ဘေးသင့်ဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်းတိုင်းနှင့်ပြည်နယ်အနှံ့၌ လာမည့် ၂၄နာရီအတွင်း မိုးရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးသည်။

မန္တလေးမြို့၊အမရပူရမြို့နယ်က ငလျင်ဘေးရှောင်စခန်းတွေမှာ ဧပြီ ၆ရက်က မိုးရွာလို့ ရေဝင်နေစဉ်။ ဓာတ်ပုံ - People's Spring

ဧပြီ ၇၊၂၀၂၅။စိုင်းနန်/People’s Spring

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ငလျင်ဘေးသင့်ဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်းတိုင်းနှင့်ပြည်နယ်အနှံ့၌ လာမည့် ၂၄နာရီအတွင်း မိုးရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးသည်။

အိန္ဒိယမိုးလေဝသဌာန၏ မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် တောင်ဘက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းစတင်ဖြစ်ပေါ်နေခြင်းဟု ထုတ်ပြန်ထားသည်။ဧပြီ ၈ ရက်မှ ၄၈နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဆက်လက်ရွေ့လျားနိုင်ကာ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မြန်မာနိုင်ငံတွင်မိုးရွာနိုင်ခြင်းဟု ရှင်းပြထားသည်။

မိုးလေဝသခန့်မှန်းတွက်ချက်မှုပြ Modelများအရ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ဆက်လက် အားကောင်းလာခြင်းမရှိကြောင်း ခန့်မှန်းထားသော်လည်းအချိန်နှင့်အမျှ စောင့်ကြည့်ရန်လိုအပ်သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် မိုးရွာသွန်းခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခြင်း၊ မိုးတိိမ်တောင်များဖြစ်ပေါ်ခြင်းတို့နှင့်အတူ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို အထူးသတိပြုနိုင်ကြပါရန်လည်း သတိပေးတိုက်တွန်းထားသည်။

ဧပြီ ၅ရက်ညက မန္တလေးနှင့်စစ်ကိုင်းမြို့တွင် မိုးသက်လေပြင်းကျခဲ့ပြီး ငလျင်ဘေးသင့်သူများ၊ ကယ်ဆယ်ရေးအဖွဲ့များ အခက်အခဲကြုံတွေ့ခဲ့သည်။ ဧပြီ ၆ရက်နံနက်ကလည်း မန္တလေးမြို့တွင် မိုးဆက်ရွာခဲ့သလို ယနေ့(ဧပြီ ၇ရက်) နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မိုးရွာပြီး လေပြင်းတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။