Connect with us

Hi, what are you looking for?

သတင်း

ဟားခါးရှိ ရဲတစ်ဦး လက်နက်ယူလာပြီး CDF ထံ အလင်းဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး(Hakha)က သတင်းထုတ်ပြန်သည်။

ဧပြီ ၈၊၂၀၂၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး (Hakha) က သတင်းထုတ်ပြန်သည်။

ဧပြီ ၆ရက်တွင် စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးသို ပူးပေါင်းရန် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် အဆိုပါ ရဲတပ်ဖွဲ့ဝင်ကို နွေးထွေးစွာ ကြိုဆိုပြီး ဆုကြေး ချီးမြှင့်ခဲ့ဟု အသိပေးသည်။

အဆိုပါ တပ်ဖွဲ့ဝင်ကို လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း CDF ဟားခါးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီလက်အောက်၌ တာဝန်မထမ်းဆောင်လိုဘဲ ပြည်သူ့ရင်ခွင်သို ဘက်ပြောင်းချင်သူများကို အမြဲကြိုဆိုကြောင်း CDFဟားခါးက ထပ်မံအသိပေးခဲ့ပြီး လုံခြုံရေး တာဝန်ယူမည်ဟု ကြေညာသည်။

မတ်လ ၂၅ရက်ကလည်း ဟားခါးမြို့ရှိ ပြည်သူ့စစ် ၂ဦးသည် လက်နက်ခဲယမ်းများ နှင့်အတူ CDF ဟားခါးထံ အလင်းဝင်ခဲ့သည်။

အလင်းဝင်လာသည့် ပြည်သူ့ စစ်မှုထမ်း တစ်ဦး၏ ထွက်ဆိုချက်ကိုလည်း ထုတ်ပြန်ခဲ့ရာ မကွေးမြို့သို့ အလုပ်သွားလုပ်စဉ် ပေါ်တာဆွဲခံရပြီးစစ်သားစုဆောင်းခံရဟု ပြောသည်။ ပေါ်တာဆွဲခံရပြီး ကလေးမြို့သို့ ခေါ်ဆောင်ကာ သေနတ်ဖြုတ်တပ် ပစ်ခတ်နည်းသင်ပေးပြီး ကလေးမှ ဟားခါးမြို့သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။ ဟားခါးရောက်ပြီး အခြားနေရာသို့ ကားဖြင့် ထပ်မံပို့ဆောင်ခဲ့ဟု ဆိုသည်။

“ကားနဲ့ လိုက်ပို့တော့ ကျနော်တို့က လုံခြုံရေးပေါ့ ။ စစ်ကတော့ တခါမှ မတိုက်ဖူးပါဘူး။ ရောက်တော့ကျနော်တို့ ပစတွေကို ကျည်ဆံတယောက်ကို ၅၀စီ ပေးတယ်။ လက်ပစ်ဗုံး ၁လုံးစီပေးပါတယ်။သေနတ်ကတော့ အရေးကြီးတဲ့အချိန် ကင်းစောင့်တဲ့အချိန်မှ ပေးတယ်။ ကင်းပြီးသွားရင် သူတို့က ပြန်သိမ်းပါတယ်။ စစ်တပ်ထဲကနေ ပစတွေ ထွက်ပြေးလို့ရှိရင် CDFတို့ PDFတို့ကနေ ကျနော်တို့ကို သေနတ်အပ်ပြီးရင် သူတို့က ငွေချီးမြှင့်တယ် ။ ငွေချီးမြှင့်ပြီး အလကားမထားဘူး လိုအပ်တဲ့အချက်အလက် တွေမေးမြန်းပြီးရင်သူတို့က တခါတည်းသတ်ဖြတ်တယ်ဆိုပြီး ဝါဒဖြန့်တယ်။ ကျနော်တို့ကလည်း မလုပ်ချင်တော့ပါဘူး မထူးတော့ဘူးဆိုပြီးမှ သေခါမှ သေတော့ဆိုပြီးထွက်ပြေးခဲ့တာပါသေနတ်တွေပါ ယူပြီးမှ” ဟု အဆိုပါ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်က ပြောသည်။

တပ်ဖွဲ့ဝင် ၂ဦးအတူထွက်ပြေးလာရာတွင် ဒေသကာကွယ်ရေးတပ်က ကောင်းမွန်စွာကြိုဆိုကျွေးမွေးကြောင်းလည်း ၎င်းက ပြောပြသည်။ သေနတ်အပ်၍ ဆုငွေချီးမြှင့်သည့်အပြင် မိဘထံသွားလိုသည့်အပေါ် ဟားခါးလူငယ်အဖွဲ့က ယောဒေသသို့ ပြန်လိုက်ပို့ပေးခဲ့ကြောင်း ပြည်သူ့စစ်မှုထမ်းတပ်သားသစ်က ထွက်ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီထံမှ ထွက်ပြေးသူများအား PDF၊ CDF တို့က သတ်ဖြတ်သည်မှာ မဟုတ်မှန်ကြောင်း ၎င်းက ပြောပြပြီး ကျန်နေသူများ အမြန်ဆုံးဆက်သွယ် ပူးပေါင်းရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်းဒဏ်ရာရရှိခဲ့သည့် ရဲဘော်များအား ခြေတု၊ လက်တု၊ နားကြားကိရိယာများတပ်ဆင်ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁သိန်းခန့် လိုအပ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြန်ကြားရေးမှူး ဆလိုင်းတင်မီက ပြောသည်။

သတင်း

ပြည်သူလူထုကို သတ်ဖြတ်ပြီးကျေးရွာများ မီးရှို့နေသည့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပါတီထောင်ရွေးကောက်ပွဲဝင်မည့် ကိစ္စကို စိတ်ကူးပင် မယဉ်ရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) အလှည့်ကျသဘာပတိ ဒေါက်တာကင်တန်(Kenton)က ပြောကြားသည်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ရဲ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့သိမ်းတိုက်ပွဲအတွက် လူငယ်များပူးပေါင်းပါဝင်ကြရန် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ဖိတ်ခေါ်ထားသည်။

Facebook