Connect with us

Hi, what are you looking for?

သတင်း

ဟားခါးရှိ ရဲတစ်ဦး လက်နက်ယူလာပြီး CDF ထံ အလင်းဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး(Hakha)က သတင်းထုတ်ပြန်သည်။

ဧပြီ ၈၊၂၀၂၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး (Hakha) က သတင်းထုတ်ပြန်သည်။

ဧပြီ ၆ရက်တွင် စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးသို ပူးပေါင်းရန် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် အဆိုပါ ရဲတပ်ဖွဲ့ဝင်ကို နွေးထွေးစွာ ကြိုဆိုပြီး ဆုကြေး ချီးမြှင့်ခဲ့ဟု အသိပေးသည်။

အဆိုပါ တပ်ဖွဲ့ဝင်ကို လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း CDF ဟားခါးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီလက်အောက်၌ တာဝန်မထမ်းဆောင်လိုဘဲ ပြည်သူ့ရင်ခွင်သို ဘက်ပြောင်းချင်သူများကို အမြဲကြိုဆိုကြောင်း CDFဟားခါးက ထပ်မံအသိပေးခဲ့ပြီး လုံခြုံရေး တာဝန်ယူမည်ဟု ကြေညာသည်။

မတ်လ ၂၅ရက်ကလည်း ဟားခါးမြို့ရှိ ပြည်သူ့စစ် ၂ဦးသည် လက်နက်ခဲယမ်းများ နှင့်အတူ CDF ဟားခါးထံ အလင်းဝင်ခဲ့သည်။

အလင်းဝင်လာသည့် ပြည်သူ့ စစ်မှုထမ်း တစ်ဦး၏ ထွက်ဆိုချက်ကိုလည်း ထုတ်ပြန်ခဲ့ရာ မကွေးမြို့သို့ အလုပ်သွားလုပ်စဉ် ပေါ်တာဆွဲခံရပြီးစစ်သားစုဆောင်းခံရဟု ပြောသည်။ ပေါ်တာဆွဲခံရပြီး ကလေးမြို့သို့ ခေါ်ဆောင်ကာ သေနတ်ဖြုတ်တပ် ပစ်ခတ်နည်းသင်ပေးပြီး ကလေးမှ ဟားခါးမြို့သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။ ဟားခါးရောက်ပြီး အခြားနေရာသို့ ကားဖြင့် ထပ်မံပို့ဆောင်ခဲ့ဟု ဆိုသည်။

“ကားနဲ့ လိုက်ပို့တော့ ကျနော်တို့က လုံခြုံရေးပေါ့ ။ စစ်ကတော့ တခါမှ မတိုက်ဖူးပါဘူး။ ရောက်တော့ကျနော်တို့ ပစတွေကို ကျည်ဆံတယောက်ကို ၅၀စီ ပေးတယ်။ လက်ပစ်ဗုံး ၁လုံးစီပေးပါတယ်။သေနတ်ကတော့ အရေးကြီးတဲ့အချိန် ကင်းစောင့်တဲ့အချိန်မှ ပေးတယ်။ ကင်းပြီးသွားရင် သူတို့က ပြန်သိမ်းပါတယ်။ စစ်တပ်ထဲကနေ ပစတွေ ထွက်ပြေးလို့ရှိရင် CDFတို့ PDFတို့ကနေ ကျနော်တို့ကို သေနတ်အပ်ပြီးရင် သူတို့က ငွေချီးမြှင့်တယ် ။ ငွေချီးမြှင့်ပြီး အလကားမထားဘူး လိုအပ်တဲ့အချက်အလက် တွေမေးမြန်းပြီးရင်သူတို့က တခါတည်းသတ်ဖြတ်တယ်ဆိုပြီး ဝါဒဖြန့်တယ်။ ကျနော်တို့ကလည်း မလုပ်ချင်တော့ပါဘူး မထူးတော့ဘူးဆိုပြီးမှ သေခါမှ သေတော့ဆိုပြီးထွက်ပြေးခဲ့တာပါသေနတ်တွေပါ ယူပြီးမှ” ဟု အဆိုပါ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်က ပြောသည်။

တပ်ဖွဲ့ဝင် ၂ဦးအတူထွက်ပြေးလာရာတွင် ဒေသကာကွယ်ရေးတပ်က ကောင်းမွန်စွာကြိုဆိုကျွေးမွေးကြောင်းလည်း ၎င်းက ပြောပြသည်။ သေနတ်အပ်၍ ဆုငွေချီးမြှင့်သည့်အပြင် မိဘထံသွားလိုသည့်အပေါ် ဟားခါးလူငယ်အဖွဲ့က ယောဒေသသို့ ပြန်လိုက်ပို့ပေးခဲ့ကြောင်း ပြည်သူ့စစ်မှုထမ်းတပ်သားသစ်က ထွက်ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီထံမှ ထွက်ပြေးသူများအား PDF၊ CDF တို့က သတ်ဖြတ်သည်မှာ မဟုတ်မှန်ကြောင်း ၎င်းက ပြောပြပြီး ကျန်နေသူများ အမြန်ဆုံးဆက်သွယ် ပူးပေါင်းရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။