Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်တိုက်စဥ် ကျည်မကုန်ဘဲ သေနတ်တစ်လက်ရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ပြည်သူလူထုထံ အတင်းအဓမ္မဆက်ကြေးကောက်နေသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်တစ်လက်ရရှိခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒီမိုက ပြောသည်။

စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှ ရရှိခဲ့သော MA-1 အမျိုးအစားသေနတ်တလက်။ ဓာတ်ပုံ - BRR

ဧပြီ ၈၊ ၂၀၂၅။ ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ပြည်သူလူထုထံ အတင်းအဓမ္မဆက်ကြေးကောက်နေသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်တစ်လက်ရရှိခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒီမိုက ပြောသည်။

ဧပြီ ၆ ရက် နံနက် ၁၀ နာရီခွဲက ပခုက္ကူမြို့အနောက်ဘက်ရှိ အင်အား ၂၀ ခန့်အထိုင်ချလေ့ရှိသော စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို Burma Revolution Rangers တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ရန် ပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ထို့ကြောင့် စစ်ဆေးရေးဂိတ် ဘန်ကာအနီး ချည်းကပ်ခဲ့ရာ ဂိတ်စောင့်စစ်ကောင်စီတပ်သားများကို မတွေ့ရ၍ ဘန်ကာအနီးဝန်းကျင်သို့ ရှာဖွေခဲ့ရာ MA-1 အမျိုးအစားသေနတ်တစ်လက်ရရှိခဲ့ခြင်းဟု ရဲဘော်ဒီမိုက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“ဒီကောင်တွေ ဘန်ကာထဲမှာ သူတို့ကို မတွေ့လို့ တခြားကိုပတ်ရှာတာ ရှာတော့ ဘန်ကာထဲထောင်ထားတဲ့ ကျည်ဘောက်မပါတဲ့ MA-1 တွေ့လို့ အဲဒီသေနတ်ကိုယူလာပြီး ချက်ချင်းပြန်ဆုတ်လာခဲ့တာ”ဟု Burma Revolution Rangers တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ​ပြောသည်။

Burma Revolution Rangers တပ်ဖွဲ့အနေဖြင့် စစ်ရေးလှုပ်ရှားမှုများအတွက် လိုအပ်နေသော ဒရုန်းရရှိနိုင်ရန် အထက်ပါ စစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ရန် စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒရုန်းတစ်စင်းလိုချင်လို့ ကမ်ပိန်းလုပ်တာက ငွေသိပ်မရဘူး။ ဒီကာလ ငလျင်ဘေးတွေဘာတွေနဲ့ တိုက်ဆိုင်သွားတာလည်းပါတာပေါ့။ အဲဒီဂိတ်မှာက ဒရုန်းတွေရှိတယ်လို့ သိထားရတာနဲ့ ဒရုန်းလိုချင်လို့ သွားတိုက်ခဲ့တာဗျ”ဟု ရဲဘော်ဒီမိုက ရှင်းပြသည်။

အထက်ပါ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဂိတ်ချထားသည့်လမ်းပိုင်းအား ပိတ်ဆို့စစ်ဆေးခြင်း၊ အနီးဝန်းကျင်ရှိပြည်သူအချို့ကို ဖမ်းဆီးခြင်းနှင့် စစ်မေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း Burma Revolution Rangers တပ်ဖွဲ့ထံမှ သိရသည်။

ဝင်ရောက်တိုက်ခိုက်ရန် စီစဥ်ခဲ့သည့် စစ်ဆေးရေးဂိတ်သည် စစ်ကောင်စီ တပ်မ(၁၀၁)၊ ခလရ – ၂၅၂၊ ခလရ -၂၅၉ စသော စစ်ကောင်စီတပ်များအနီးတည်ရှိသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးငွေညှစ်နေကြောင်း ပခုက္ကူလူထုတိုက်ပွဲကော်မတီက အသိပေးပါတယ်။