Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ယာယီအပစ်ရပ်မည်ကြေညာချက်မှာ ငလျင်ဘေးအကြောင်းပြပြီး နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုဟု မန္တလေး PDF ထုတ်ပြန်

စစ်ကောင်စီ၏ ယာယီအပစ်ရပ်စဲမည်ဟူသောကြေညာချက်သည် ငလျင်ဘေးအကြောင်းပြုကာ ပြည် သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY PDFက ယနေ့(ဧပြီ ၈ရက်)တွင် ထုတ်ပြန်သည်။

ငလျင်ကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF

ဧပြီ ၈၊၂၀၂၅။တေဇ၊ရဲခေါင်/People’s Spring

စစ်ကောင်စီ၏ ယာယီအပစ်ရပ်စဲမည်ဟူသောကြေညာချက်သည် ငလျင်ဘေးအကြောင်းပြုကာ ပြည် သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY PDF က ယနေ့(ဧပြီ ၈ရက်)တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက ဧပြီ ၂ ရက်မှ ဧပြီ ၂၂ရက်အထိ ယာယီအပစ်အခတ်ရပ်စဲမည်ဟု ကြေညာခဲ့သည်ကို တွေ့ရှိရသော်လည်း လက်တွေ့မြေပြင်တွင်မူ အပစ်အခတ်ရပ်စဲကြောင်းထုတ်ပြန်ပြီးနောက် အချိန်နာရီမျှ မခြားဘဲ အရပ်သား ပြည်သူများနေထိုင်ရာမြို့ရွာဒေသများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း အသိပေးသည်။

ထိုအပြင် စဉ့်ကူးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ၊မတ္တရာမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ၊ သပိတ်ကျင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်၊မိုးကုတ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်နှင့် နောင်ချိုမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါလေကြောင်း တိုက်ခိုက်ခဲ့မှုများကို သက်သေအထောက် အထားများနှင့်တကွ တွေ့ရှိထား​ပြီး အရပ် သားပြည်သူအချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီသည် မြေပြင်စစ်ကြောင်းထိုးမှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကိုလည်း လုံးဝ ရပ်နားခြင်းမရှိပဲ ဆက်လက်လုပ်ဆောင်နေကြောင်း မန္တလေးPDFက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲမည်ဟူသော ထုတ်ပြန်ကြေညာချက်သည် ငလျင်ဘေးကို အကြောင်းပြုကာ ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်း အဝိုင်းအကြား ၎င်းတို့အတွက် နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုတစ်ခုသာဖြစ်ကြောင်း အသိပေးသည်။

မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ အင်အားအလွန်ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များအားလုံးသည် ငလျင်ဒဏ်သင့်နှင့် ဆက်စပ်ဒေသများတွင် မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်မှတပါး ထိုးစစ်အားလုံးကို မတ်လ ၃၀ ရက်မှစ၍ ယာယီရပ်နားမည်ဖြစ်ကြောင်း ​ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည်လည်း စစ်ဆင်ရေးများကို ယာယီရပ်ဆိုင်းထားကြောင်းလည်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။