Connect with us

Hi, what are you looking for?

သတင်း

ပြည်ပငလျင်ကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာ့ငလျင်မှာ လူ ၆၅၃ ဦး ကို ကယ်ထုတ်နိုင်

ဖျက်အားပြင်းငလျင်ဒဏ်သင့် မြန်မာနိုင်ငံမှာ နိုင်ငံတကာ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြိုကျပျက်စီးသွားတဲ့အဆောက်အဦးတွေထဲက လူပေါင်း ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာသိမ်း စစ်ကောင်စီဒုခေါင်းဆောင်က ပြောပါတယ်။

မန္တလေးမှာ တရုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ကိုတွေ့ရပုံ ဓာတ်ပုံ - ဆင်ဟွာ

ဧပြီ – ၉၊၂၀၂၅/People’s Spring

ဖျက်အားပြင်းငလျင်ဒဏ်သင့် မြန်မာနိုင်ငံမှာ နိုင်ငံတကာ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြိုကျပျက်စီးသွားတဲ့အဆောက်အဦးတွေထဲက လူပေါင်း ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာသိမ်း စစ်ကောင်စီဒုခေါင်းဆောင်က ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးစီးလို့ ပြည်တော်ပြန်မယ့် တရုတ်ကယ်ဆယ်ရေးအဖွဲ့အတွက် နေပြည်တော်မှာ ပြုလုပ်ပေးတဲ့ ဂုဏ်ပြုပွဲမှာ စစ်ကောင်စီဒုခေါင်းဆောင်က ထည့်သွင်းပြောခဲ့တာပါ။

နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ အသက်ရှင်လျှက် ၆၅၃ ဦး နဲ့ ရုပ်အလောင်း ၇၀၀ကို ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီဒုခေါင်းဆောင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစာရင်းဟာ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၈ ရက်နေ့ အထိဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာငလျင်လှုပ်ပြီး ၇၂ နာရီမတိုင်ခင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို အစောဆုံးစေလွှတ်ပေးတဲ့အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်တယ်လို့ စစ်ကောင်စီဒုခေါင်းဆောင်ကဆိုပါတယ်။

တရုတ်ဟာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၄ ဖွဲ့ ၊ စုစုပေါင်းအင်အား ၃၆၅ ဦးကို အစောဆုံးစေလွှတ်ပေးခဲ့တာလို့သိရပါတယ်။

အဲဒီနောက်တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေ ဆက်ရောက်လာပြီး နေပြည်တော် နဲ့မန္တလေးမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ပေးတာတွေ့ရပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရ အဖွဲ့ဝင် ၆၀၀ ပါတဲ့ အစိုးရနဲ့အရပ်ဘက်ကယ်ဆယ် ရေး အဖွဲ့အစည်း ၂၈ ဖွဲ့ကို စေလွှတ်ခဲ့တယ်လို့သိရပါတယ်။

ကုလရဲ့စာရင်းအရတော့ မြန်မာ့ငလျင်ဘေးကို နိုင်ငံ ၁၃ ခု က မြို့ပြ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၃၀ ကျော် လာရောက် ကူညီခဲ့တယ်လို့သိရပါတယ်။

ငလျင်ကြီးကြောင့် ဧပြီလ ၇ ရက်အထိ သေဆုံးသူ ၃,၅၅၀ ဦး၊ ဒဏ်ရာရသူ ၄, ၈၁၄ ဦးနဲ့ ပျောက်ဆုံးသူ ၁၆၀ ရှိခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ ထိစပ်ရာ နီပေါပိုင်နက်ထဲက ရေဘေးသင့် တောင်ပေါ်ဒေသတွေဆီ အကူအညီ ပစ္စည်းတွေ ပေးပို့ရေးဟာ အရမ်း ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ (UN)က ပြောကြားခဲ့ပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။