Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ဒဏ်ခံရတဲ့ မတ္တရာမြို့နယ်ကိုစစ်​ကောင်စီဗုံးကြဲ အမျိုးသမီး၁ဦး​သေ၊၃ဦးဒဏ်ရာရ

စစ်ကိုင်း​မြေငလျင်ဒဏ်ခံခဲ့ရတဲ့ ​ဒေသတစ်ခုဖြစ်တဲ့မတ္တရာမြို့နယ် ထဲက ရေချောင်းဗိုလ်ကျေးရွာကို စစ်တပ်က ဒီက​နေ့မှာလေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီး၁ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက​ပြောပါတယ်။

စစ်​ကောင်စီဗုံးကြဲလို့ ပျက်စီးသွားတဲ့​နေအိမ်တလုံး။ဓါတ်ပုံ-CJ

ဧပြီ-၁၀၊၂၀၂၅။ရှိန်း/People’e Spring

စစ်ကိုင်း​မြေငလျင်ဒဏ်ခံခဲ့ရတဲ့ ​ဒေသတစ်ခုဖြစ်တဲ့ မတ္တရာမြို့နယ် ထဲက ရေချောင်းဗိုလ်ကျေးရွာကို စစ်တပ်က ဒီက​နေ့မှာလေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီး၁ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက​ပြောပါတယ်။

ဧပြီလ ၁၀ ရက်မွန်းလွဲ ၁၁နာရီ ၄၅မိနစ်မှာ မတ္တရာမြို့နယ်အနောက် မြောက်ခြမ်းက ရေချောင်းဗိုလ် ကျေးရွာကို တံတားဦး‌ လေတပ်ကဂျက်ဖိုက်တာတစီးနဲ့ ၂ကြိမ်တိုင် ဗုံးကြဲခဲ့တာလို့သိရပါတယ်။

“တိုက်ပွဲလည်းမရှိပါဘူး။လေ ကြောင်းနဲ့ပြည်သူ တွေရှိတဲ့ နေရာကိုလာကြဲတာမို့ လူလတ်ပိုင်းအမျိုးသမီးတဦး သေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့ပါတယ်”လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဧပြီ ၁၀ ရက်ညနေပိုင်းမှာလည်း မတ္တရာမြို့အတွင်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို ပစ်ခတ် နေတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

မတ္တရာမြို့နယ်ဟာမတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး​ဒဏ်ကိုခံခဲ့ရတဲ့​ဒေသ​တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ​ပေမယ့်စစ်​ကောင်စီက မတ္တရာမြို့နယ်ထဲ​ကျေးရွာ​တွေကို ငလျင်​ဘေးသင့်ခဲ့တဲ့အတွက် ဘာအကူအညီမှမ​ပေးခဲ့ဖူးလို့​ဒေသခံ​တွေက​ပြောပါတယ် ။

ငလျင်​ဘေးသင့်လို့မကူညီတဲ့အပြင် စစ်​ကောင်စီကဗုံးနဲ့ မကြာခဏ လာကြဲ​နေတယ်လို့​ဒေသခံအချို့က​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။