Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာ​လေတပ်စခန်းအနီး မြေငလျင်လှုပ်

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်အဖြစ် ဒီက​နေ့ (ဧပြီလ ၁၁ ရက်နေ့) နံနက် ၁၁ နာရီခန့်မှာမန္တလေးတိုင်း၊ မိတ္ထိလာ​လေတပ်စခန်းအနီး ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၈ ရှိတဲ့ ​​မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ အ​မေရီကန် ​မြေငလျင်တိုင်းတာ​ရေးဌာန(USGS)ကထုတ်ပြန်ပါတယ်။

ဧပြီ-၁၁၊ ၂၀၂၅။​နေ့သစ်/People’s Spring

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်အဖြစ် ဒီက​နေ့ (ဧပြီလ ၁၁ ရက်နေ့) နံနက် ၁၁ နာရီခန့်မှာမန္တလေးတိုင်း၊ မိတ္ထိလာ​လေတပ်စခန်းအနီး ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၈ ရှိတဲ့ ​​မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ အ​မေရီကန် ​မြေငလျင်တိုင်းတာ​ရေးဌာန(USGS)ကထုတ်ပြန်ပါတယ်။

မိတ္ထီလာမြို့ရဲ့အ​ရှေ့၊အ​ရှေ့​မြောက်၁၄ကီလိုမီတာ(၈ မိုင်​ကျော်) ​နေရာကို မြေအနက် ၆ မိုင်​ကျော်မှာ ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ USGS က ထုတ်ပြန်ထားပါတယ် ။​မြေငလျင် ဗဟို ချက်ဟာ မိတ္ထီလာ​လေတပ်စခန်းပိုနီးပြီး ဗဟိုချက်နဲ့ ​လေတပ်စခန်းဟာ အမြန်ဟိုဘက် ဒီဘက်ဖြစ်​ပါတယ်။

​အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ၊လူသားချင်းစာနာ​ထောက်ထားမှုနဲ့ သဘာဝ​ဘေးအန္တရာယ်​​လျော့ပါး​ရေးဝန်ကြီးဌာန(MOHADM)ကလည်း ဒီမနက်၁၀ နာရီ ၅၉ မိနစ်အချိန်ခန့်မှာ သာစည်မြို့အနီး မြေအောက်အနက် ၆ မိုင်​ကျော်ကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၅.၅ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီလက်​အောက်ခံ မိုး​လေဝသနဲ့ဇလ​ဗေဒညွန်ကြားမှုဦးစီးဌာနက​တော့ နံနက်၁၁ နာရီခန့်မှာဝမ်းတွင်းမြို့၏ အရှေ့တောင်ဘက် (၅) မိုင်ခန့်မှာအင်အား ၅.၀ ရစ်(ခ်)တာစကေး ရှိတဲ့​မြေငလျင်ဟာ​မြေအနက် ၆ မိုင်​ကျော်ကိုဗဟိုပြုလှုပ်ခတ်ခဲ့တာလို့​ဖော်ပြပါတယ်။

ထုတ်ပြန်ချက်သုံးခုဟာ​မြေငလျင်ဗဟိုချက် ​မြေအနက်တူညီ​ပေမယ့် တိုင်းတာတဲ့မြို့မတူညီတာ​ကြတာကို​တွေ့ရသလို အင်းအားမတူညီတာကိုလည်း​တွေ့ရပါတယ်။ ငလျင်ပြင်းအားမတူညီတာဟာ ငလျင်အင်အားတိုင်းတာတဲ့စက် တည်​နေရာ၊အကွာအ​​ဝေးမတူညီရင်လည်းကွာခြားချက်အနည်းငယ်ရှိတက်တယ်လို့​မြေငလျင်ပညာရှင်အချို့က​ပြောပါတယ်။

ဒီငလျင်လှုပ်တာကို မန္တ​​လေးမြို့ကလည်းခံစားသိရှိရတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။ ​ မတ်လ ၂၈ ရက်က ဖျက်အားပြင်းစစ်ကိုင်းငလျင်ကြီးရဲ့​နောက်ဆက်တွဲ​မြေငလျင်​တွေဟာ​ဒေသတွင်းမှာ ဆက်တိုက်လှုပ်ရှား​နေတာဖြစ်ပါတယ်။

အခု​နောက်ဆက်တွဲငလျင်​ကြောင့် လူထိခိုက်မှုပျက်စီးဆုံးရှုံးမှု ရှိ၊မရှိကို​တော့မသိရ​သေးပါဘူး။

​မြေငလျင်လှုပ်ရှားတာကို သိလိုက်ရင် ၊ထိခိုက်ပျက်စီးမှုရှိခဲ့ရင် People’s Spring ရဲ့အခုသတင်း​အောက်မှာ မှတ်ချက်ပြုတာဖြစ်​စေ ၊ မက်ဆင်ဂျာက​နေ စာပို့၍ဖြစ်​စေ ​ပြောပြနိုင်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။