Connect with us

Hi, what are you looking for?

သတင်း

အင်းဝတံတားကို အိန္ဒိယ စစ်အင်ဂျင်နီယာအဖွဲ့ စစ်ဆေး

ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားတဲ့ ဧရာဝတီမြစ်ကူး အင်းဝတံတားကို အိန္ဒိယ စစ်အင်ဂျင်နီယာတွေက စစ်ဆေးပေးခဲ့တယ်လို့ ရန်ကုန်မြို့မှာ ရှိတဲ့ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - အိန္ဒိယသံရုံး

ဧပြီ – ၁၂၊၂၀၂၅/People’s Spring

ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားတဲ့ ဧရာဝတီမြစ်ကူး အင်းဝတံတားကို အိန္ဒိယ စစ်အင်ဂျင်နီယာတွေက စစ်ဆေးပေးခဲ့တယ်လို့ ရန်ကုန်မြို့မှာ ရှိတဲ့ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ဖျက်သိမ်းရေးဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့က အင်းဝ တံတား ကို စစ်ဆေးအကဲဖြစ်ပေးခဲ့တာလို့ သံရုံးက ဖော်ပြပါတယ်။

အဲဒီ အိန္ဒိယ စစ်အင်ဂျင်နီ အဖွဲ့ဟာ နေပြည်တော်နဲ့ မန္တလေး က ငလျင်ဒဏ်သင့်နေရာတွေကို လည်း စစ်ဆေး ပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြီးဒဏ်ကြောင့် ပျက်စီးသွားတဲ့ အင်းဝတံတားဟာ မန္တလေး တိုင်း အင်းဝမြို့ဟောင်းနဲ့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ကို ဆက်သွယ်ပေးထားတဲ့ ရထားလမ်းပါ သံပေါင်ပေါင်းကူးတံတားဖြစ်ပါတယ်။

အင်းဝတံတားကို ကိုလိုနီခေတ် ၁၉၃၄ ခုနှစ်မှာ ဗြိိတိသျှတို့က တည်ဆောက်ပေးခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဖောက်ခွဲဖျက်ဆီးခံရပါတယ်။

မြန်မာ နိုင်ငံလွတ်လပ်ရေးရပြီး ၁၉၅၄ ခုနှစ်မှာ တံတားကို ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့ပြီး ဆက်လက်အသုံးပြုခဲ့တာဖြစ်ပါတယ်။

ယခင်စစ်အစိုးရ လက်ထက်မှာတော့ အင်းဝတံတားအနီးမှာ ဧရာဝတီတံတား (ရတနာပုံ) ကို တည်ဆောက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။