Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းကျနေသူတွေကိုလွှတ်​ပေးဖို့ OHCHR တောင်းဆို

လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး ငလျင်ဘေးသင့် ပြည်သူတွေအပေါ် ထိရောက်တဲ့ လူသားချင်း အကူအညီတွေ ရောက်ရှိနိုင်အောင် ခွင့်ပြုပေးဖို့၊ နိုင်ငံတော် အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ စစ်ကောင်စီကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကတောင်းဆိုလိုက်ပါတယ်။

နိုင်ငံ​တော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို ၂၀၁၈ ခုနှစ်မတ်လ ၂၈ ရက်မှာ​တွေ့ရစဥ်။ ။ဓါတ်ပုံ-ရိုက်တာ

ဧပြီ-၁၃၊၂၀၂၅။People’s Spring

လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး ငလျင်ဘေးသင့် ပြည်သူတွေအပေါ် ထိရောက်တဲ့ လူသားချင်း အကူအညီတွေ ရောက်ရှိနိုင်အောင် ခွင့်ပြုပေးဖို့၊ နိုင်ငံတော် အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ စစ်ကောင်စီကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကတောင်းဆိုလိုက်ပါတယ်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီးကို ဗဟိုပြု လှုပ်ခတ်သွားခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် ဖျက်အားပြင်း ငလျင်ကြီးအပြီး စစ်ကောင်စီက အပစ်အခတ် ရပ်စဲမယ်လို့ ကြေညာခဲ့ပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေတယ်လို့ OHCHRက ဧပြီ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ငလျင်ဘေးသင့် ဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ လူသားချင်း စာနာမှု ထောက်ပံ့ရေး လုပ်ငန်းတွေ ဆောင်ရွက်ရမယ့်အစားစစ်ကောင်စီဟာ တိုက်ခိုက်မှုတွေကိုပဲ လုပ်ဆောင်နေကြာင်း၊ ငလျင်နောက်ပိုင်းမှာ စစ်ကောင်စီဟာ ပုံစံအမျိုးမျိုးနဲ့ စစ်ဆင်တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၂၀ ကျော် ပြုလုပ်ခဲ့ပြီး ထက်ဝက်ကျော်ဟာ ဧပြီ ၂ ရက်နေ့မှာ အပစ်အခတ် ရပ်စဲမယ်လို့ ကြေညာပြီး နောက်ပိုင်းမှာဖြစ်ကြောင်း OHCHRက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအများစုဟာလေကြောင်းကနေဗုံးကြဲတာ၊လက်နက်ကြီးတွေ ပစ်ခတ်တာဖြစ်ပြီး အဲဒီထဲမှာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားထားရတဲ့ ဒေသတွေလည်း ပါဝင်တယ်လို့ OHCHRက ထုတ်ပြန်ခဲ့ပါတယ်။စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ၊ အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားရာနယ်မြေတွေမှာငလျင်ဘေးသင့်ဒေသခံတွေကပြည်သူအချင်းချင်းအကူအညီပေးမှုတွေ၊ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်မှုတွေကိုသာ မှီခိုထားရပြီး သူတို့အတွက် အခြေခံ အကျဆုံး အကူအညီတွေ အရေးတကြီးလိုအပ်နေတာ မြင်သာတယ်လို့လည်း OHCHRက ထောက်ပြထားခဲ့ပါတယ်။

OHCHRကစစ်ကောင်စီအာဏာပိုင်တွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့ရေးမှာကြားခံဟန့်တားထားမှု မှန်သမျှကို ဖယ်ရှားပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

OHCHRရဲ့ နောက်ထပ် အရေးကြီးတဲ့ တောင်းဆိုမှု တစ်ခုကတော့ ၂၀၂၁ ခုနှစ် ကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ အပါအဝင် စစ်ကောင်စီက ချုပ်နှောင်ထားသူ အားလုံးကို အပြည့်အဝ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဖြစ်ပါတယ်။

လူသားချင်းစာနာမှု လုပ်ငန်းတွေမှာ အတားအဆီး သတ်မှတ်ထားမှုတွေကို ဖယ်ရှားဖို့နဲ့ အပစ်အခတ် ရပ်စဲထားဖို့အတွက် စစ်ကောင်စီကို OHCHRရဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တုခ်ကလည်း တောင်းဆိုလိုက်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။ လိုအပ်နေတဲ့ ပြည်သူတွေဆီလူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိနိုင်ရေးကို လေးစား လိုက်နာဖို့ဆိုတာ မြန်မာနိုင်ငံက သက်ဆိုင်ရာ အစုအဖွဲ့ အားလုံးမှာ တာဝန်ရှိတယ်လို့လည်းတုခ်ကထောက်ပြသွားပါတယ်။

ကိုးကား- OHCHR

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ထောင်တွင်းမှာ ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ကြတဲ့ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး ခြေချင်းခတ်ကာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ (ဇူလိုင် ၂ရက် ) မှာ ထုတ်ပြန်အသိပေးပါတယ်။

နိုင်ငံတကာ

ဂါဇာမှာ ရက်ပေါင်း ၆၀ အပစ်အခတ် ရပ်စဲဖို့ အဓိကကျတဲ့ အဆိုပြု ကမ်းလှမ်းချက်တွေကို အစ္စရေးက သဘောတူ လက်ခံထားပြီး ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်နှင့် (၁၄)မိုင်အကွာရှိ လျှို့ဝှက်နေရာ၌ ဖမ်းဆီးချုပ်နှောင်ထားပြီးအဆိုပါဖြစ်ပေါ်လာနိုင်သည့်နောက်ဆက်တွဲအခြေအနေများနှင့်ပတ်သက်၍အဓိကတာဝန်ယူကြရမည့်အမည်စာရင်းကို မြန်မာ့အကျဉ်းထောင်သက်သေ(MPW)အဖွဲ့အစည်းက ယ​နေ့ထုတ်ပြန်သည်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်တို့ကြား ပထမအဆင့်အဖြစ် ၁၂ နာရီကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲလို့ သိရပါတယ်။