Connect with us

Hi, what are you looking for?

သတင်း

စစ်​​ကောင်စီက မင်းတပ် မြို့မနှစ်ခြင်းဘုရား​ကျောင်းကို ဗုံးကြဲ

စစ်​ကောင်စီက သင်္ကြန်အကြို​နေ့ ည​နေပိုင်းတွင်ချင်းပြည်နယ် ၊မင်းတပ်မြို့ရှိ ၊မြို့မနှစ်ခြင်း ဘုရားကျောင်းကိုတိုက်​လေယာဥ်ဖြင့်ဗုံးကြဲခဲ့သည်။

စစ်​ကောင်စီက ဗုံးကြဲပြီး​နောက် မီးခိုးလုံးကြီးကို​တွေ့ရစဥ်။ ဓါတ်ပုံ-Salai Naing Hung

ဧပြီ-၁၃၊၂၀၂၅။​​ဇော်ရမ်း/ People’s Spring

စစ်​ကောင်စီက သင်္ကြန်အကြို​နေ့ ည​နေပိုင်းတွင်ချင်းပြည်နယ် ၊ မင်းတပ်မြို့ရှိ ၊မြို့မနှစ်ခြင်း ဘုရားကျောင်းကို တိုက်​လေယာဥ်ဖြင့်ဗုံးကြဲခဲ့သည်။

“မိုးတိမ်တောင်ကြီးမဟုတ်၊ မြို့မနှစ်ခြင်း ဘုရားကျောင်းလေယာဥ် နဲ့ ဗုံးကြဲတိုက်ခိုက်မှုအချိန်တွင်မြင်ရသော မီးခိုး မီးလုံးကြီးသာ ဖြစ်ပါတယ်”ဟု​ဒေသခံတဦးက ​ဧပြီ ၁၃ ရက် ည​နေ ၄ နာရီ ၅ မိနစ်အချိန် ဗုံးကြဲခံရပြီး မီးခိုးလုံးကြီး တက်လာ​သောဓါတ်ပုံနှင့်တကွ​ရေးသား​ဖေစ်ဘွခ်တွင်တင်ထားသည်။

ဗုံးကြဲခံရပြီး​နောက် ခရစ်ယာန်ဘုရား​ကျောင်းအပျက်အစီးပုံများကိုလည်း​တွေ့ရပြီးလူ​သေဆုံးထိခိုက်မှု အ​ခြေအ​နေကိုမူမသိရ​သေး​ပေ။​ဒေသခံတဦးက ​မြို့မနှစ်ခြင်းဘုရားကျောင်းတစ်ခုလုံး ပြိုကျပျက်စီးသွားသွားသည်ဟုပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက ဗုံးကြဲပြီး​နောက် မင်းတပ်မြို့မနှစ်ခြင်းဘုရား​ကျောင်း အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-Salai Naing Hung

စစ်တပ်က ​တိုက်​လေယာဥ်ဖြင့်ပေါင် ၅၀၀ ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း​ပြောသည်။ သို့သော်လည်း မည်သည့်ဗုံးအမျိုးအစားဖြစ်သည်ကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

သင်္ကြန်အကြို​နေ့ ဖြစ်​သောဧပြီ ၁၃ ရက်တွင်စစ်​ကောင်စီက မနက်ပိုင်းတွင် ရခိုင်ပြည်နယ်​ကျောင်​တော် ၊စစ်ကိုင်းတိုင်း ​၊ကောလင်းမြို့နယ်များကိုလည်း ဗုံးကြဲခဲ့ပြီး ပြည်သူ​သေဆုံးထိခိုက်မှုများရှိသည်။

စစ်​ကောင်စီက ဗုံးကြဲပြီး​နောက် မင်းတပ်မြို့မနှစ်ခြင်းဘုရား​ကျောင်း အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-Salai Naing Hung

စစ်ကောင်စီက ယ​​နေ့နံနက် ၉ နာရီ ၂၇ မိနစ်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကိုဗုံးကြဲခဲ့ရာနေအိမ်အများအပြားပျက်စီးပြီး ဒေသခံသုံးဦးဒဏ်ရာရခဲ့သည်။

ထို​နောက် ​နေ့ခင်း ၁၂နာရီ ၈ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ဗုံးကြဲခဲ့ရာ ဆီဆိုင်ကိုထိမှန်ခဲ့ပြီး အဆောက်အအုံနှင့်ကားအချို့ပျက်စီးကာ ဒေသခံနှစ်ဦးဒဏ်ရာရခဲ့သည်။

ထို့အပြင်ဧပြီ၉ရက်ညကလည်းမင်းတပ်မြို့နယ် ၊ တိုက်နယ်အမှတ်(၄)ကို ပေါင်၅၀၀ဗုံးကြဲချရာကလေးငယ်နှစ်ဦး၊ခရစ်ယာန်ဓမ္မဆရာတစ်ဦး၊ မသန်စွမ်းတစ်ဦး၊သက်ကြီးရွယ်အိုနှစ်ဦးစုစုပေါင်း ၆ ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့သည်။

စစ်​ကောင်စီသည် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး​နောက် ရက်​ပေါင်း ၂၀ အပစ်ရပ်​ကြောင်း​ကြေညာထား​သော်လည်း နိူင်ငံတစ်ဝန်း​နေစဥ်ဗုံးပတ်ကြဲ​နေသည်။

မင်းတပ်မြို့သည် CDF-မင်းတပ်အပါအဝင် ချင်းညီ​နောင်နှင့် မဟာမိတ်များကသိမ်းပိုက်ထိန်းချုပ်ထားသည်။

(စစ်​ကောင်စီက ဗုံးကြဲပြီး​နောက် မီးခိုးလုံးကြီးနှင့်မင်းတပ်မြို့မနှစ်ခြင်းဘုရား​ကျောင်း အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-Salai Naing Hung)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook