ဧပြီ၁၅၊၂၀၂၅။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး၊ကျိုင်းတုံမြို့နယ် ကျောက်တောင်ကျေးရွာအနီးတွင် လူခုနစ်ဦးလိုက်ပါလာသည့် အိမ်စီးကားတစ်စီး ယနေ့(ဧပြီ ၁၅ရက်) မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ခဲ့သည်။
ကားပေါ်တွင် ကလေးငယ် လေးဦး၊ လူကြီး သုံးဦးလိုက်ပါလာခဲ့ပြီး ကားတစ်စီးလုံးမီးလောင်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ပေ။ အင်ဂျင်အပူလွန်ကဲပြီး မီးလောင်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဓာတ်ပုံ – နှလုံးလှပိုင်ရှင်များလူမှုကူညီရေးအသင်း၊ CJ

Public Service Announcement





















































