Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်အတက်နေ့ မနက်အစောပိုင်း မှာ ကျုံဒိုးမြို့ အနီးက ရွာအချို့ လေကြောင်းတိုက်ခိုက်ခံနေရ

ဒီနေ့ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆) မနက်အစောပိုင်း ၆ နာရီဝန်းကျင်မှာ ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အနီးတဝိုက်က ကျေးရွာအချို့ လေကြောင်းတိုက်ခိုက်မှုတွေကြုံနေရတယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

၂၀၁၉ ခုနှစ်က မိတ္ထီလာတပ်နယ်(မုန်တိုင်) မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ရုရှားထုတ် MiG -29 တိုက်လေယာဉ်နှစ်စင်းကိုတွေ့ရပုံ (ဓာတ်ပုံ - CINCDS)

ဧပြီ – ၁၆ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ဒီနေ့ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆) မနက်အစောပိုင်း ၆ နာရီဝန်းကျင်မှာ ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အနီးတဝိုက်က ကျေးရွာအချို့ လေကြောင်းတိုက်ခိုက်မှုတွေကြုံနေရတယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

ဒရုန်နဲ့ ဗုံးချခံရတာ ၊ လေယာဉ် နဲ့ ဗုံးကြဲ ခံရတာဖြစ်ပြီး တိုက်ခိုက်မှု ခံရတဲ့ရွာတွေကတော့ ကော့ကရိတ် – ကျုံဒိုး လမ်းတလျှောက်က ရွာအချို့ ဖြစ်တယ်လို့သိရပါတယ်။

ဒီမနက်အစောပိုင်း တိုက်ခိုက်ခံရတဲ့ရွာတွေကတော့ နွားခြံကုန်း ၊ လေးတိုင် ၊ ငါးတိုင် ၊ ကိုးတိုင် ၊ ရေပူစတဲ့ ရွာတွေဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျုံဒိုးမြို့ ဒေသခံတစ်ဦးကလည်း တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်ခံရတာလို့ အသိပေးပါတယ်။

“ (ဒီမနက်) တိုက်ပွဲမဖြစ်ဘူး၊ လေယာဉ်လာကြဲတာ တစ်မနက်လုံးပဲ၊ အခုထိ ပတ်ကြဲနေတယ်” လို့အဲဒီ ကျုံဒိုးဒေသခံက ပြောပါတယ်။

မနေ့ သင်္ကြန်အကြတ်နေ့ (ဧပြီ ၁၅) မနက်ပိုင်းကတော့ ကော့ကရိတ် – ကျုံဒိုးလမ်းပိုင်း ကျုံဒိုး မြို့အနီးက နေရာတွေမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် နေ့လယ်ပိုင်း ၁၂ နာရီခန့်မှာ ကျုံဒိုးမြို့အနောက်တောင်ဘက်ရှိ ကမ်းနီရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး အရပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။

ကမ်းနီရွာ ဘုန်းကြီးကျောင်း ဗုံးကြဲမခံရခင် နာရီပိုင်းအလို မနက် ၉ နာရီဝန်းကျင်မှာ တော့ ကျုံဒိုးမြို့ အနီးက နွားခြံကုန်းရွာ လက်နက်ကြီးကျပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

နွားခြံကုန်းရွာ လက်နက်ကြီးကျည်ကျတဲ့ ဖြစ်စဉ် နဲ့ အရပ်သား ထိခိုက်သေဆုံးမှု ရှိတယ်ဆိုတာပဲ ကနဦးသိထားရပြီး ထိခိုက်သေဆုံးမှု အခြေအနေကို People’s Spring က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

People’s Spring ကကြည့်ရှုရတဲ့ ဓာတ်ပုံအရတော့ နွားခြံကုန်းရွာမှာ အမျိုးသမီး ၁ဦးအပါအဝင် အရပ်သား ၂ ဦးထက်မနည်း သေဆုံးထားတာတွေ့ရပါတယ်။

ကရင်ပြည်နယ်မှာ သင်္ကြန်ကာလအတွင်း ကော့ကရိတ် – ကျုံဒိုး လမ်းတလျှောက်နဲ့ ကော့ကရိတ်မြို့ မြောက်ပိုင်း မြပတိုင်ရွာ ၊ ရင်ကွဲတောင်စခန်းတဝိုက်မှာလည်း စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့သိရပါတယ်။

၂၀၁၉ ခုနှစ်က မိတ္ထီလာတပ်နယ်(မုန်တိုင်) မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ရုရှားထုတ် MiG -29 တိုက်လေယာဉ်နှစ်စင်းကိုတွေ့ရပုံ

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ သင်္ကြန်ကာလအတွင်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးကာ ရုပ်အလောင်းကို ချင်းတွင်းမြစ်အတွင်းကပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က သင်္ကြန်ကာလ လေးရက်အတွင်းမှာ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၆ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။

သတင်း

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင် ၊ KNU တပ်မဟာ (၅) နယ်မြေကို သင်္ကြန်ကာလအတွင်း စစ်ကောင်စီလေတပ်က နေ့စဉ်နီးပါး ဗုံးကြဲ တာကြောင့် သုံးရက်အတွင်းအရပ်သား လေးဦး သေဆုံးခဲ့ရတယ်လို့ တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးမှာ သင်္ကြန်ပွဲလာရောက်ဖျော်ဖြေတဲ့ ဇာတ်ပို့သရုပ်ဆောင်မင်းဇော် ဖျော်ဖြေရေးစင်မြင့်မှာလဲကျရာက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook