Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်အတက်နေ့ မနက်အစောပိုင်း မှာ ကျုံဒိုးမြို့ အနီးက ရွာအချို့ လေကြောင်းတိုက်ခိုက်ခံနေရ

ဒီနေ့ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆) မနက်အစောပိုင်း ၆ နာရီဝန်းကျင်မှာ ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အနီးတဝိုက်က ကျေးရွာအချို့ လေကြောင်းတိုက်ခိုက်မှုတွေကြုံနေရတယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

၂၀၁၉ ခုနှစ်က မိတ္ထီလာတပ်နယ်(မုန်တိုင်) မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ရုရှားထုတ် MiG -29 တိုက်လေယာဉ်နှစ်စင်းကိုတွေ့ရပုံ (ဓာတ်ပုံ - CINCDS)

ဧပြီ – ၁၆ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ဒီနေ့ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆) မနက်အစောပိုင်း ၆ နာရီဝန်းကျင်မှာ ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အနီးတဝိုက်က ကျေးရွာအချို့ လေကြောင်းတိုက်ခိုက်မှုတွေကြုံနေရတယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

ဒရုန်နဲ့ ဗုံးချခံရတာ ၊ လေယာဉ် နဲ့ ဗုံးကြဲ ခံရတာဖြစ်ပြီး တိုက်ခိုက်မှု ခံရတဲ့ရွာတွေကတော့ ကော့ကရိတ် – ကျုံဒိုး လမ်းတလျှောက်က ရွာအချို့ ဖြစ်တယ်လို့သိရပါတယ်။

ဒီမနက်အစောပိုင်း တိုက်ခိုက်ခံရတဲ့ရွာတွေကတော့ နွားခြံကုန်း ၊ လေးတိုင် ၊ ငါးတိုင် ၊ ကိုးတိုင် ၊ ရေပူစတဲ့ ရွာတွေဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျုံဒိုးမြို့ ဒေသခံတစ်ဦးကလည်း တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်ခံရတာလို့ အသိပေးပါတယ်။

“(ဒီမနက်) တိုက်ပွဲမဖြစ်ဘူး၊ လေယာဉ်လာကြဲတာ တစ်မနက်လုံးပဲ၊ အခုထိ ပတ်ကြဲနေတယ်” လို့အဲဒီ ကျုံဒိုးဒေသခံက ပြောပါတယ်။

မနေ့ သင်္ကြန်အကြတ်နေ့ (ဧပြီ ၁၅) မနက်ပိုင်းကတော့ ကော့ကရိတ် – ကျုံဒိုးလမ်းပိုင်း ကျုံဒိုး မြို့အနီးက နေရာတွေမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် နေ့လယ်ပိုင်း ၁၂ နာရီခန့်မှာ ကျုံဒိုးမြို့အနောက်တောင်ဘက်ရှိ ကမ်းနီရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး အရပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။

ကမ်းနီရွာ ဘုန်းကြီးကျောင်း ဗုံးကြဲမခံရခင် နာရီပိုင်းအလို မနက် ၉ နာရီဝန်းကျင်မှာ တော့ ကျုံဒိုးမြို့ အနီးက နွားခြံကုန်းရွာ လက်နက်ကြီးကျပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

နွားခြံကုန်းရွာ လက်နက်ကြီးကျည်ကျတဲ့ ဖြစ်စဉ် နဲ့ အရပ်သား ထိခိုက်သေဆုံးမှု ရှိတယ်ဆိုတာပဲ ကနဦးသိထားရပြီး ထိခိုက်သေဆုံးမှု အခြေအနေကို People’s Spring က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

People’s Spring ကကြည့်ရှုရတဲ့ ဓာတ်ပုံအရတော့ နွားခြံကုန်းရွာမှာ အမျိုးသမီး ၁ဦးအပါအဝင် အရပ်သား ၂ ဦးထက်မနည်း သေဆုံးထားတာတွေ့ရပါတယ်။

ကရင်ပြည်နယ်မှာ သင်္ကြန်ကာလအတွင်း ကော့ကရိတ် – ကျုံဒိုး လမ်းတလျှောက်နဲ့ ကော့ကရိတ်မြို့ မြောက်ပိုင်း မြပတိုင်ရွာ ၊ ရင်ကွဲတောင်စခန်းတဝိုက်မှာလည်း စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့သိရပါတယ်။

၂၀၁၉ ခုနှစ်က မိတ္ထီလာတပ်နယ်(မုန်တိုင်) မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ရုရှားထုတ် MiG -29 တိုက်လေယာဉ်နှစ်စင်းကိုတွေ့ရပုံ

ဆက်စပ်သတင်းများ

သတင်း

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ယနေ့တရက်လည်း ဒီပဲယင်း၊မော်လူးနှင့်ချောင်းဦးမြို့တို့ လေကြောင်းတိုက်ခိုက်ခံမှု ပြည်သူ ၂၆ဦးသေဆုံး

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကိုင်းတိုင်း၊ခါမ်းပါတ်မြို့နှင့် မကွေးတိုင်း၊ ကျောက်ထုမြို့ကို စစ်ကောင်စီက ယနေ့(မေလ ၉ရက်) ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Facebook