Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ် ၇၄ သိန်းဝန်းကျင်အထိ တက်လာ

ကမ္ဘာ့ရွှေစျေးတစ်အောင်စ ဒေါ်လာ ၃,၃၀၀ ကျော်စျေးဖြင့် စံချိန်တင်ပြီး ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်၇၄ သိန်းဝန်းကျင်အထိ​ဈေးတက်လာသည်။

ပြည်တွင်းရွှေအရောင်းဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၆၊၂၀၂၅။ ရဲခေါင်/People’s Spring

ကမ္ဘာ့ရွှေစျေးတစ်အောင်စ ဒေါ်လာ ၃,၃၀၀ ကျော်စျေးဖြင့် စံချိန်တင်ပြီး ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်၇၄ သိန်းဝန်းကျင်အထိ​ဈေးတက်လာသည်။

ယနေ့(ဧပြီ ၁၆ရက်) ကမ္ဘာရွှေစျေးသည် တစ်အောင်စ ၃,၃၀၈ ဒေါ်လာဝန်းကျင် စျေးတန်းဖြင့် သမိုင်းတစ်လျှောက်စံချိန်တင်စျေးရှိခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံ၏ ပြင်ပရွှေစျေးကွက်တွင် ၁၆ ပဲရည် တစ်ကျပ်သား မှာ ၇,၃၈၀,၀၀၀ ကျပ်ရှိကာ ၁၅ ပဲရည်စျေးသည် ကျပ်သိန်း (၇၀) ဝန်းကျင်ဖြင့် အရောင်းအဝယ်ရှိနေကြောင်း ရွှေစျေးကွက်အတွင်း အရောင်း အဝယ်ပြုလုပ်နေသူအချို့က ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ နေ့ခင်းကတည်းကစပြီး ကမ္ဘာရွှေစျေးက စံချိန်တင်ပြီးရင် တင်နေတာ။၃၃၀၀ ကျော်ပြီ။ ပြည်တွင်းရွှေဈေးက ဆိုင်တွေပိတ်တာမို့ ဈေးကွက်အတိအလင်း မသိရဘူး။အပြင်စျေးကတော့ ၇၄ သိန်းကပ်တယ်”ဟု ပြည်တွင်းရွှေစျေးကွက်တွင် အရောင်းအဝယ်ပြုလုပ် နေသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

လက်ရှိ ကမ္ဘာ့ရွှေစျေးအခြေအနေကြောင့် ရွှေဆိုင်များ၏ စျေးကွက်ဖွင့်မည့်ရက်နှင့် ပမာဏကိုစောင့်ကြည့်ရန်နှင့် ပြင်ပရွှေစျေးတွင် အရောင်းကို သတိပြုရန်လည်း ကမ္ဘာရွှေစျေးကွက်စောင့်ကြည်သူတစ်ဦးက တိုက်တွန်းသည်။

“ပုံမှန်ဆို တစ်အောင်စ ကျပ်နှစ်သိန်းခွဲ နဲ့တွက်ရင် ဒီက ၁၆ ပဲရည်ဆိုအခု ကမ္ဘာရွှေစျေးနဲ့က သိန်း ၈၀ ကျော်ပြီ။အပြင်စျေးတွေကတော့ ၇၄သိန်းပေးနေတာကို ပိုရတယ်ထင်ပြီ အရောင်းမလုပ်ကြသေးဖို့ ဂရုစိုက်စေချင်တယ်”ဟု ၎င်းက ပြောသည်။

ပြည်တွင်း၌ ရွှေချိန်တွယ်ရာတွင်မူ ကျပ်၊ပဲ၊မူး၊ရွေး ကိုအသုံးပြုပြီး တစ်ကျပ်သားလျှင် ၀ ဒသမ ၅၂၅ အောင်စ ရှိကာ (ယနေ့ကမ္ဘာ့ရွှေပေါက်စျေး× တစ်ဒေါ်လာငွေလဲနှုန်း× ၀ ဒသမ ၅၂၅ )ဖြင့် တွက်ချက်ပါက ရရှိသည့် ပမာဏသည် အနီးစပ်ဆုံးပြည်တွင်း အခေါက်ရွှေစျေးရရှိမည် ဖြစ်သည်။

မတ်လ ဒုတိယပတ်ကစ၍ ရွှေဈေးသည်သမိုင်းတွင် ပထမဆုံးအကြိမ် တစ်အောင်စ ဒေါ်လာ၃,၀၀၀ ကျော်သို့ ရောက်ရှိခဲ့ပြီး ပြည်တွင်း ရွှေစျေးကွက်မှာလည်း ကျပ်၆၅သိန်းဝန်းကျင်မှ လိုက်ပါမြင့်တက် ခဲ့သည်။

ယနေ့ နေ့လည်ပိုင်းအထိ ပြင်ပရွှေစျေးကွက်အရ အခေါက်ရွှေတစ်ကျပ်သား ရောင်စျေး ကျပ် ၇,၃၈၀,၀၀၀နှင့် ဝယ်စျေး ကျပ် ၇,၃၀၀,၀၀၀ ရှိသည်။

စစ်ကောင်စီ၏ ရွှေလုပ်ငန်းရှင်အသင်း၏ ၁၆ပဲရည်တစ်ကျပ်သားသီးခြားသတ်မှတ်စျေးသည် ၅,၆၃၀ ,၀၀၀ ကျပ်သာ ဖြစ်သည်။ထိုစျေးဖြင့် ရွှေဆိုင်များကို ရောင်းဝယ်ရန်သတ်မှတ်ထားပြီး မလိုက်နာပါက အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် အရေးယူကာ ထောင်ဒဏ် အနည်းဆုံး ၆လမှ ၃နှစ်အထိ ချမှတ်မည်ဟု ခြိမ်းခြောက်ထားသည်။ သို့သော် စစ်ကောင်စီသတ်မှတ်စျေးဖြင့် ရွှေဆိုင်များက အရောင်းအဝယ်မပြုလုပ်ကြပေ။

ပြည်တွင်းနိုင်ငံ ခြားငွေလဲနှုန်းစျေးကွက်၌မူ စျေးတည်ငြိမ်နေပြီး တစ်ဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ၄,၃၆၀ ကျပ်နှင့် အရောင်း ၄,၄၁၀ ကျပ်ဝန်းကျင် ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်းရွှေစျေးသည် ယ​နေ့(ဧပြီ ၂၈)တွင်၁၆ ပဲရည်တစ်ကျပ်သားလျင် ၇၄ သိန်းခွဲ ဝန်းကျင်ထိတက်လာသည်။

သတင်း

ပြည်တွင်းရွှေစျေးကွက် တစ်ကျပ်သား ကျပ်သိန်း ၇၀နား ကပ်လာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်ထံမှ စုံစမ်းသိရသည်။

သတင်း

ကမ္ဘာ့ရွှေစျေးဆက်တက်လာပြီးနောက် ပြည်တွင်းရွှေစျေးမှာလည်း တစ်ကျပ်သား ၆၈သိန်းကျော်အထိရှိလာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်မှ သိရသည်။

သတင်း

ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေ ဝင်ရောက်မှုနည်းပါးလာသည်ဟု စစ်ကောင်စီဗဟိုဘဏ် ဝန်ခံ

Facebook